ပြည်ပမှာ ပီနန်ဆရာတော်ကြီးဦးဆောင်ဆောက်လုပ်ထားတဲ့ကျောင်းတွေ
Ashin Tejinda
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခကျောင်းတော်ကြီးကို ပြန်ပိုင်ဆိုင်ဘို့ကြိုး စားတာဟာ ကျောင်းကြီးကိုမက်မောလို့ မဟုတ်ဘူး။
မတရားမှုကို မခံချင်လို့။ ဆန္ဒရှိယင်ဒီကျောင်းမျိုး ၁၀-ကျောင်းမက ထပ်ဆောက်နိုင်တယ်။ ပြည်ပခရီးမထွက်ခင် ဒကာမတစ်ဦးက US$ 100000-မဟာသန္တိသုခပြုပြင်ဘို့လှူထးတာသက်သေဘဲ။ ဒီလိုဒကာ၊ ဒကာမ အသိုင်းအဝိုင်း ရေတွက်လို့မရဘူး။ မြန်မာပြည်လို ရေမမှန် မီး မမှန် ချင်ယင်တလှောင်းလှောင်းထနေတဲ့ ဒေသမှာ တလပြည့်အောင် နေတာ သာသနာတော်အတွက်ပါ။
ပြည်ပမှာ ဆရာတော်ဦးဆောင်ဆောက်လုပ်ထားတဲ့ကျောင်းတွေ-
၁။ စင်္ကာပူ ၁-ကျောင်း
၂။ မလေးရှား ၃-ကျောင်း
၃။ ထိုင်ဝမ် ၃-ကျောင်း
၎။ ဂျပန် ၁-ကျောင်း
၅။ နယူးဇီလန် ၁-ကျောင်း
၆။ သြစတေလျ ၂-ကျောင်း
၇။ အင်္ဂလန် ၂-ကျောင်း
၈။ ဒိန်းမတ် ၁-ကျောင်း
၉။ ဂျမဏီ နေမည့်သံဃာမရှိ။
၁၀။ အမေရိကန် ၂-ကျောင်း
၁၁။ ကနေဒါ ၂-ကျောင်း ရှိတယ်ဆိုတာ သိထားကြပါ။
သီတဂူဆရာတော်ကြီးကိုယ်တိုင် အင်္ဂလန်မှာ နှစ်ပေါင်း ၂၀-ကျော်နေသွားတဲ့ ဦးသေဌိလ တောင်ကျောင်းဖြစ်အောင်မလုပ်နိုင်ခဲ့ဘူးလို့ ပီနန်ဆရာတော်ကို ချီးကျူးထားပါတယ်။ ပြည်ပရောက်ဘူးတဲ့ သံဃာတိုင်းသိပါတယ်။
အချို့သော မဟန ကိုယ်တော်ကြီးတွေလို ရာထူးမက်၊ ခြင်းကပ် တာလေးသာယာ အံ့မောင် ခိုင်းသမျှလုပ် ရာထူးမပြုတ်ပီးရောဆိုတဲ့အထဲမှာ ပီနန်ဆရာတော်ကြီးမပါဘူး။ ရောက်လေရာအရပ်မှာ ကျောင်းထောင်ပီး အိပ်စားလုပ်မနေဘူး။ အနည်းဆုံး Sunday School ဖွင့်ပီး လူတွေကို အသိညဏ်ပေးတယ်။ ယခု စင်္ကာပူ အိုးအိမ်ဝန်ကြီး Mr Khaw Boon Wang (ယခင် ကျန်းမာရေးဝန်ကြီး) တို့ဇနီး မောင်နှံဟာ ပီနန် SundaySchool ကျောင်းထွက်တွေဘဲ။
အရှက်မရှိလို့ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ကျောင်းကို အနုကြမ်းစီး ဘုန်းကြီးတွေကို ထင်ရှားတဲ့အပြစ်မရှိဘဲ လူဝတ်လဲ၊ ထောင်းထဲပို့။ ဒါလား ဘုရားသားတော်။ ဒါလား ဗုဒ္ဓဘာသာ တိုင်းပြည် ရှက်လွန်လွန်းလို့ ...။
ကနေဒါ၊တိုရန်တိုက...မဟာဓမ္မိကကျောင်း


Ye Yint Nge
ဆရာတော်ကြီးကပြည်ပမှာသာသနာပြုမတည်ပေးခဲ့တဲ့ကျောင်းတွေမှအများကြီးပါ၊
ပြီးခဲ့တဲ့၁၀နှစ်လောက်ကဒေါ်လာတသန်းကျော်အကုန်ခံဆောက်ခဲ့တဲ့ကနေဒါ၊တိုရန်
တိုကမဟာဓမ္မိကကျောင်းလဲပါပါတယ်၊
ထိုင်ဝမ်ရောက်မြန်မာတွေဆိုဘုန်းဘုန်းဖြစ်ချင်တာအကုန်ဖြည့်ဆည်းကြပါတယ်။
မဟာသန္တိသုခကိုပြန်လည်ကျောင်းထိုင်တာကလိုချင်တတ်မက်စိတ်ကြောင့်မဟုတ်
ပဲကျောင်းမှာစီးပွားရှာတာတွေတားမြစ်ဖို့လောက်ပါ။
ဘုန်းဘုန်းသက်တော်၈၀လောက်တောင်ရှိမှာပါ၊မြန်မာပြည်ပြန်ကြွရင်ဘာတွေ
တိုက်ခိုက်ကြအုံးမလဲမသိပါ၊
နအဖ၊မဟနနဲ့၅၉သန်းခွဲပြည်သူ၊သံဃာ၅သိန်းတွေ့ကြပြီပေါ့ကွယ်...
Inga kommentarer:
Skicka en kommentar