အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 9 maj 2014

ရွေးကောက်ပွဲကော်မရှင် ဥရောပသမဂ္ဂနှင့် ပူးပေါင်း၍ စမ်းသပ်မဲစာရင်း ကောက်မည်

  ရွေးကောက်ပွဲကော်မရှင် ဥရောပသမဂ္ဂနှင့် ပူးပေါင်း၍ စမ်းသပ်မဲစာရင်း ကောက်မည်



Friday 2014-05-09
ရန်မျိုးနိုင်
ရန်ကုန်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲမဲစာရင်းကို အငြင်းပွားဖွယ်မဖြစ်စေရန် ဥရောပသမဂ္ဂနှင့် ပူးပေါင်း၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စမ်းသပ် မဲစာရင်းများကို ဇွန်လတွင် စတင် ကောက်ယူမည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ထံမှ သတင်းရရှိသည်။

စမ်းသပ်မဲစာရင်း ကောက် ယူရန် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နှင့် ကချင်ပြည်နယ် ၀ိုင်း မော်မြို့တို့တွင် ဥရောပသမဂ္ဂ၏ ကုန်ကျစရိတ်ဖြင့် ကောက်ယူ သွားမည်ဟု ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ရွေးကောက် ပွဲဌာန ညွှန်ကြားရေးမှူး  ဦးသောင်းလှိုင်ကပြောသည်။

‘‘ရန်ကုန်က လူဦးရေ ထူ ထပ်တယ်။ နောက်တီးတိန်ကျ တော့ သွားရေး၊ လာရေးအဆင် သိပ်မပြေဘူး။ ကချင်ကလည်း တည်ငြိမ်မှုအားနည်းတော့ အဲဒီလိုဒေသတွေမှာ မဲစာရင်းကောက် ရင်ဖြစ်လာမယ့် အခြေအနေတွေ ကို သိရအောင် လုပ်တာပါ’’ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲကို တိကျ သော မဲစာရင်းဖြင့် ကျင်းပနိုင်ရန် ရည်ရွယ်ထားသဖြင့် မဲစာရင်း တိ ကျနိုင်စေရန် စမ်းသပ်မဲစာရင်း များကောက်ယူရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်ဟု ဦးသောင်းလှိုင်ကပြော သည်။

‘‘အခုလို ကောက်မယ်ဆို တော့ ကောင်းပါတယ်။ ၂၀၁၀ တုန်းကတော့ မဲစာရင်းက အငြင်း ပွားစရာတွေရှိတယ်။ ၂၀၁၅ မှာ မဲစာရင်းတိကျဖို့ လိုတယ်လေ။ ဒါပေမဲ့ အခုစမ်းသပ်တာကသူတို့ဘာ ရည်ရွယ်ချက်နဲ့ ကောက်တာလဲ ဆိုတာတော့ စောင့်ကြည့်ရမယ်’’ ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ အထွေထွေအတွင်းရေးမှူး ဒေါ် သန်းသန်းနုကဆိုသည်။

စမ်းသပ်မဲစာရင်း ကောက် ယူရာတွင် ဥရောပသမဂ္ဂက ကုန်ကျစရိတ်နှင့် နည်းပညာပိုင်းကို ထောက်ပံ့ပေးမည်ဖြစ်ကာ လက် ရှိအချိန်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ကော်မ ရှင် အဖွဲ့ခွဲများအား မဲစာရင်း ကောက်ယူခြင်းဆိုင်ရာသင်တန်း များပေးရန် စီစဉ်နေသည်ဟု လည်း ဦးသောင်းလှိုင်က ပြော သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများလည်း ပါဝင်လုပ်ဆောင်စေ မည်ဖြစ်ကာ ယင်းအဖွဲ့များမှ မဲ စာရင်းနှင့် ပတ်သက်သည့် အကြံ ပြုချက်များကိုလည်း လက်ခံသွား မည်ဟုဆိုသည်။

၂၀၁၀ အထွေထွေရွေး ကောက်ပွဲတွင် မဲစာရင်းများ တိ ကျမှုမရှိခဲ့ခြင်းအပြင် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် လည်း မဲစာရင်း၌ သေဆုံးသူများ ပါဝင်လာခြင်းတို့ ရှိခဲ့သည်ဟု နိုင်ငံရေးပါတီ အချို့က ထောက် ပြခဲ့သည်။

Inga kommentarer:

Skicka en kommentar