(နေပြည်တော် သတင်းရပ်ဝန်း)
အဲဒီကလေး(ကာချုပ်မင်းအောင်လှိုင်)က လူတော်ပါ ၊ ကိုယ်ကတော့ အဲဒီကလေးကို လူတော်လို့ပဲမြင်တယ် ၊
သူက ဦးသန်းရွှေကို အားနာနေပုံရတယ် ၊ ဦးသန်းရွှေ ကို အချိန်တန်ရင် ပြောင်းလဲလာမယ်လို့ သူမျှော်လင့်နေပုံရတယ် ၊
ဒီအတိုင်းသွားရင် သူကြားညပ်မယ် ၊ စစ်တပ်နဲ့ ပြည်သူကြားမှာ ကြားညှပ်မှာ မဟုတ်ဘူး ၊ ဦးသန်းရွှေ နဲ့ သဘာဝကြီး ကြားမှာ ကြားညပ်မှာ ၊
အခုကြည့်လေ ဦးသန်းရွှေရဲ့ လုပ်ရပ်တွေကို ဘယ်သူမှ လက်မခံကြတော့ဘူး ၊ အတိအလင်းပြောလာကြပြီ ၊ မြန်မာပြည်ရဲ့ မိတ်ဆွေ နိုင်ငံတွေက ပြည်သူလူထုကပါ လက်မခံကြတော့ဘူး ၊
ဟိုတုန်းကတော့ ဖိနှိပ်ထားလို့ ကြောက်လို့ ဘာမှ မပြောပဲနေခဲ့တာပါ ၊ ကိုယ်က အရင်ကတည်းက မြန်မာပြည်သူတွေက ဦးသန်းရွှေကို လက်ခံခဲ့တယ်လို့ မဆိုလိုပါဘူး ၊
ကိုယ်ထင်တယ် ၊ ဒီတစ်ခါ စစ်တပ်က ဦးသန်းရွှေဘက်ကို အပြတ်အသတ် ရပ်တည်လိမ့်မယ်လို့တော့ သေသေချာချာပြောလို့ မရတော့ဘူး ၊ စစ်တပ်အထဲမှာ အမှန်တရားကို ခံစားတတ်တဲ့ နှလုံးသားပိုင်ရှင်တွေများလာပြီ ၊
ဟုတ်တယ် ၊ အဲဒီကလေး တစ်ခုခု ရွေးချယ်ရတော့မယ် ၊ အချိန်သိပ်မကျန်တော့ဘူး ၊
ဦးသန်းရွှေ အတွက် သူ့ရာထူးကို စတေးခံမှာလား ၊ မြန်မာပြည်သူတွေပေးတဲ့ အပြောင်းအခဲကြားက သူရဲကောင်းဘွဲ့ကို လက်ခံမှာလား ရွေးရမှာပါ ၊ သူကိုယ်တိုင်ရွေးချယ်ရမှာပါ ၊
အင်တာဗျူးတစ်ခုတွင် ဦးခင်ညွန့်ပြောကြားသွားခြင်းဖြစ်သည် ၊ နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့သော သတင်းဖြစ်သည် ၊
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar