အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 25 maj 2014

စစ်အာဏာသိမ်းစေချင်တယ်

စစ်အာဏာသိမ်းစေချင်တယ်

စစ်အာဏာသိမ်းစေချင်တယ်


စစ်အာဏာသိမ်းစေချင်တယ်
စစ်မှာ အာဏာ မရှိသင့်ဘူး၊
စစ်မှာ ခုခံအားတွေပဲ ရှိသင့်တယ်၊
စစ်မှာ တွန်းလှန်အားတွေပဲ ရှိသင့်တယ်၊
စစ်မှာ ကာကွယ်အားတွေပဲ ရှိသင့်တယ်၊
စစ်မှာ ငြိမ်းချမ်းမှုတွေပဲ ရှိသင့်တယ်၊

စစ်တပ်ဟာ
မိသားစုရဲ့ အားကောင်းမောင်းသန်
သားကောင်းရတနာ ဖြစ်သင့်တယ်။

စစ်တပ်ဟာ မိဘကို သေနတ်ထောက်
ညီမကို ခြေတော်တင်
ညီငယ်ကို ကားစင်ပို့
မြို့မျက်နှာဖုံးယောင်ဆောင်
အချိတ်ပုဆိုးတပြောင်ပြောင်နဲ့
လူကြားထဲ တောကြောင် မလုပ်သင့်ဘူး။

စစ်အာဏာသိမ်းစေချင်တယ်။



                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar