အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 15 maj 2014

အဟာရပြတ်၍လဲကျနေသောအဖိုးအို

အဟာရပြတ်၍လဲကျနေသောအဖိုးအို



Khaing Min
ယနေ့( ၁၅.၊၅၊၂၀၁၄)ညနေ ၄း၀၀နာရီအချိန်တွင်သင်္ဃန်းကျွန်းမြို့နယ် ဇ/တောင်ရပ်ကွက် လေးထောင့်ကန်လမ်းမဘေးတွင်အဟာရပြတ်၍လဲကျနေသော
အသက်၆၅နှစ်ခန့်အခြေအနေမဲ့အဖိုးအိုတဦးကိုရပ်ကွက်နေလူထုမှတွေ့ရှိပြီးသင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးသို့အကြောင်းကြားအကူအညီတောင်းခံခဲ့ပါသည်။
သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့မှ သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)သို့ဖုန်းဆက်အကူအညီတောင်းခဲ့ရာညနေ ၄း၁၅နာရီအချိန်တွင် သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)မှလူနာတင်ကားစေလွှတ်ပေးခဲ့ပါသည်။
ထို့နောက်လူနာအဖိုးအိုကို သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)အကူအညီဖြင့်ဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)ကိုအထူးကျေးဇူးတင်ပါတယ်ပါခင်ဗျား။

သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်) နှင့်ဆက်သွယ်နိုင်ရန်ဖုန်းနံပါတ်များ
၀၉ ၇၃၀၀၆၁၃၁
၀၉ ၅၁၅၇၀၇၉
၀၉ ၃၁၃၄၁၂၇၁

Inga kommentarer:

Skicka en kommentar