ရာဇာမင်း ခရီးသည်တင်ယာဉ် ၁၄ ဦး သေဆုံး ၃၀ ဦး ဒဏ်ရာ
နေပြည်တော်-ရန်ကုန် ရာဇာမင်း ခရီးသည်တင်ယာဉ် အမြန်လမ်း ၁၉၇
မိုင်တွင်တံတားပေါ်မှ ထိုးကျပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦး သေဆုံး
၃၀ ဦး ဒဏ်ရာရတဲ့ပုံတွေတင်ရာမှာမတင်သင့်တဲ့ပုံတွေမတင်ကြဖို့တိုက်
တွန်းပါတယ်။အချို့ ကအခြေအနေအရအ၀တ်အစားကင်းလွတ်နေတာ
ရှိပါတယ်၊နာကျင်နေတဲ့သူတွေထပ်မနာစေဖို့ပါ။
EMG ကတင်တဲ့ပုံလောက်ဆိုရပါပြီ၊
Eleven Media Group
နေပြည်တော်-ရန်ကုန် ရာဇာမင်း ခရီးသည်တင်ယာဉ် အမြန်လမ်း ၁၉၇ မိုင်တွင် တံတားပေါ်မှ ထိုးကျပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရ
နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင်ယာဉ် တစ်စီးသည် မေ ၁၂ ရက် ည ၇ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်မနား-တောင်တွင်းကြီး မီးရထားခုံးကျော် တံတားအောက် ထိုးကျခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ၁၄ ဦးသေဆုံး ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် ချောက်ထဲထိုးကျမှုကြောင့် ကျား ၁၁ ဦး၊ မ နှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ကာ ကျား၊ မခွဲခြားနိုင်ရန် စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသည် ၃၀ ဦးတွင် ၂၇ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကုသနေပြီး ကျန်သုံးဦးကို နေပြည်တော်၊ လယ်ဝေးဆေးရုံတွင် ကုသနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါခရီးသည်တင်ယာဉ် 5G/1527 သည် မိုင်တိုင် ၁၉၇/၆ အရောက်တွင် မိုးသည်းထန်းစွာ ရွာသွန်းနေချိန်ဖြစ်၍ အရှိန်မထိန်းနိုင်ဘဲ ပျဉ်မနား-တောင်တွင်း မီးရထားကုန်းကျော် တံတားအောက် မီးရထားသံလမ်းပေါ်သို့ ထိုးကျခဲ့ခြင်းဖြစ်သည်ဟု အကြမ်းဖျင်း ယူဆရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
"ဖြစ်ဖြစ်ချင်းမှာ ၁၃ ဦးပွဲချင်းပြီး သေတယ်။ တစ်ယောက်က ဆေးရုံမှာသေတယ်။ အခင်းဖြစ်ပွားနေတဲ့ အချိန်မှာ အမြန်လမ်းမှာ မိုးအရမ်းရွာနေတယ်။ အမြန်လမ်းမှာ မိုးအရမ်းရွာနေရင် ကားကိုရပ်ထားသင့်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကားက ရပ်မထားပဲ မိုးရွာနေတဲ့ အချိန်လည်း မောင်းလို့လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ အောက်ကိုထိုးကျ သွားတယ်လို့ အကြမ်းဖျင်း ယူဆထားပါတယ်။ ယာဉ်မောင်းဖြစ်သူကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ရဲတွေနဲ့ စောင့်ကြည့်ထားရှိ ထားပါတယ်။ ဒီဖြစ်စဉ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အဆိုးရွားဆုံး ဖြစ်စဉ်လို့ ပြောလို့ရပါတယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက The Daily Eleven သို့ ပြောကြားခဲ့သည်။
အဆိုပါမီးရထား ခုံးကျော်တံတားမှာ ပေ ၂၀ ကျော်ခန့်မြင့်ကာ အောက်ဘက်ရှိ မီးရထားသံလမ်းပေါ်သို့ ယာဉ်၏ ဦးခေါင်းပိုင်းဖြင့် ထိုးကျခဲ့ခြင်းဖြစ်ပြီး မေ ၁၂ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်အထိ ၎င်းရာဇာမင်း ခရီးသည်တင်ယာဉ်ကို အပေါ်သို့မယူ၍ မရသေးကြောင်း သိရသည်။
"ကျွန်တော်တို့က အမြောက်တပ်ကပါ။ ကားမှောက်တယ်ဆိုလို့ ကျွန်တော်တို့ဆီက ကရိန်းကားနဲ့ဆွဲတင်ဖို့ လုပ်နေပါတယ်။ တပ်နဲ့သိပ်မဝေးတော့ ဖြစ်ပီးပီးချင်းနီးပါးလောက်တော့ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ၀ိုင်းဝန်းပြီး ကယ်ဆယ်မှုတွေ လုပ်ခဲ့ပါတယ်" ဟု ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော တပ်မတော်သားတစ်ဦးက ဆိုသည်။
"မိုင်တိုင် ၁၉၇ မှာ ကားတစ်စင်း တံတားအောက် ထိုးကျသွားတယ်လို့ သတင်းရတာနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကို အကြောင်းကြားပြီး ချက်ချင်းလာခဲ့တာပါ။ ကားထဲကနေ ကယ်ထုတ်တဲ့အချိန်မှာ ၁၃ ယောက်လောက်က အသက်မရှိတော့ဘူး။ ကျန်တဲ့ဒဏ်ရာရတဲ့ သူတွေကိုလည်း ဆေးရုံပို့ဖို့ အမြန်လုပ်ဆောင် ရပါတယ်။ မသေသင့်ဘဲ မသေအောင်ပေါ့" ဟု ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
အဆိုပါ ရာဇာမင်း ခရီးသည်တင်ယာဉ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည် ၄၄ ဦး လိုက်ပါလာခဲ့ကြောင်း သိရပြီး ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ နေရာသို့ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားအောက်သို့ ထိုးကျသွားသော ယာဉ်အား တွေ့ရစဉ်


Inga kommentarer:
Skicka en kommentar