အခုတလောကော့သောင်းနယ်စပ်ရဲ့အင်တာနက်ချစ်သူများကြားမှာ
မြူနှင်းဘယ်သူလည်း? အထီးလား? အမလား? ဆိုတာ
အရမ်းစိတ်ဝင်စားနေကြတယ်လို့သိုရပါတယ်
မြူနှင်းကိုအမှန်တရားဘက်တော်သားလို့သိထားရင်ရပါပြီ
မြူနှင်းဘယ်သူဆိုတာထက် မြူနှင်းဟာဖွနေသလား အမှားကိုအမှန်လုပ်နေတဲ့သူလား မြူနှင်းတင်တဲ့သတင်းတွေဟာလုပ်ကြံထားတာ လား ပုဂ္ဂိုလ်ရေးစော်ကားနေတာလား ဆိုတာ ကာယကံရှင်အသိဆုံးပါ ပရိသတ်တွေအသိဆုံးပါ မြူနှင်းမှာ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးအငြိုးအတေးမရှိပါ
မမုန်းပါ မနာကြည်းပါ မစော်ကားခဲ့ဖူးပါ မဟုတ်မဟတ်မပုတ်ခတ်ခဲ့ ပါ ( ဒါတွေလုပ်ဖို့အားလည်းမအားပါ
) ကော့သောင်းနယ်စပ်က ပြည်သူတွေခံစားနေရတာကို ရင်ဖွင်နေတဲ့ဆိုဒ်တစ်ခုပါ ပြည်သူ့ကိုယ်စားလှယ်ပါ
မြူနှင်းပြောလိုက်ပါရစေ မဟုတ်တာလုပ်မယ်ဆိုရင် မတရားလုပ်မယ်ဆိုရင် ပြည်သူ့အကျိုးထိပါးလာမယ်
ဆိုရင် ပြည်သူကိုစော်ကားလာရင် အနိုင်ကျင့်လာရင် မြူနှင်းကကောင်းကောင်းကြီး ဖွင်ဟရမှာပါ ၀န်ထမ်းဆိုး တွေ အကျင့်ပျက်ဌာနဆိုင်ရာတွေ ပါတီတွေ အသင်းအဖွဲ့တွေအားလုံးသတိပြုပါ
နံရံမှာနားတွေရှိတယ် အဲဒီနားတွေဟာမြူနှင်းပါပဲ့ဆိုတာမှန်ထားလိုက်ကြစမ်းပါ
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar