လယ်သမားတွေကို ကြိုးဖြင့်တုတ် ရိုက်နှက်

စုစုနွေး
ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် ဦးစီုးမြင့်အား ဖုန်းဆက်ခေါ်ပြီး ကြိုးဖြင့်တုတ် ရိုက်နှက်ခဲ့သော အာရောဂျံ ဆေးရုံပိုင်ရှင် ဒေါ်မိမိလေး၏ လူငှားများ အကြမ်းဖက်ထားသည့်ပုံ။
နှင်းပြား ဖြစ်ပြီး မိသားစု ဝမ်းစာရေး ရိုးသားစွာဖြင့် ရုန်းကန်နေရတဲ့ ကျေးဇူးရှင် တောင်သူလယ်သမားတွေကို ဘာသာရေးပဋိပက္ခဖြစ်အောင် နိုင်ငံရေးအရ အသုံးမချကြပါနဲ့ ။ (26 5 2014)ရက်နေ့ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှ ဦးစိုးမြင့်ကို အာရောဂျံဆေးရုံပိုင်ရှင် ဒေါ်မိမိလေးဘက်မှ ဖုန်ဖြင့်ဆက်ပြီး မြေယာကိစ္စညှိနှိုင်းရန်ခေါ်ခဲ့သဖြင့် ဦးစိုးမြင့်တို့ သွားရောက်ခဲ့တဲ့အပေါ် လယ်သမားတွေကို ကြိုးဖြင့်တုတ် ရိုက်နှက် အကြမ်းဖက်ခြင်းအပေါ် အခုလိုဖြစ်အောင် ဖန်တီးခဲ့ခြင်းရဲ့အဓိကလူဟာ ဒေါ်မိမိလေးဖြစ်နေပါတယ်။
ပြင်ဦးလွင်မှာ နောက်ထပ် အကြမ်းဖက်မှုတွေဖြစ်ခဲ့ရင် ဒေါ်မိမိလေးမှာ တာဝန်ရှိကြောင်းနှင့် ဒီလိုဖြစ်အောင် နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ တရားခံ အမှန်ပေါ်ပေါက်အောင် မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂမှ စုံစမ်း ဖေါ်ထုတ်သွားပါ့မယ်။
အခြေအနေအဖြစ်မှန်ကို သိရှိနိုင်ရန်နှင့် အကူအညီပေးနိုင်ရန်အတွက်ကျမတို့ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေးကော်မတီမှ
ယနေ့ နံနက်(၇:ဝဝ)နာရီတွင်ပြင်ဦးလွင်သို့ စတင်ခရီးထွက်ခွာသွားပြီဖြစ်ပါသည်။

Ph(0949284398)ဒေါ်စုစုနွေး
Ph(0973016130)တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်း
ကိုအောင်ဇော်မင်းPh(0947140524) ပြင်ဦးလွင်
ကိုဇော်ထိုက်Ph(09403759742)ပြင်ဦးလွင်ကို ဆက်သွယ်ပါ
ကျမတို့ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး ကော်မတီက
မနက်ဖန်နံနက်(6:00)ရီကားနဲ့ ပြင်ဦးလွင်ကို လိုက်သွားပါမည် ။
Inga kommentarer:
Skicka en kommentar