ကော့သောင်းမြို့ကမြေလုပွဲ
စစ်အစိုးရလက်ထက်ကစလို့ အခုအစိုးရလက်ထက်အထိနိုင်ငံတစ်ခုလုံးမှာ
အဖြစ်များဆုံး ပြသာနာက မြေအငြင်းပွားမှုပါ လွယ်လွယ်နဲ့အရပ်စကားပြောရရင်
မြေလုပွဲပေါ့ သက်ဆိုင်ရာဌာနတွေ အဖွဲ့အစည်းတွေဆီ တိုင်ကြ တောကြနဲ့ တသက်လုံးစေ့စပ်ဖြေရှင်းပေးလို့မရနိုင်တဲ့
မြေယာ ပြသနာကို စစ်အစိုးရက အမွေပေးခဲ့ပါ တယ်
စစ်တပ်အတွက်မြေတွေ ကုမ္မဏီအတွက်မြေတွေ အုပ်ချူပ်ရေးအဖွဲ့တွေနဲ့ အဆင်ပြေတဲ့လုပ်ငန်းရှင်တွေ
အတွက် မြေတွေ မြေယာလုပ်ပိုင်ခွင်ရှိတဲ့ဌာနဆိုင်ရာတွေက မှုလပိုင်ရှင် တွေကို အကြောင်းအမျိုးမျိုးပြပြီး
မတရားသိမ်းပိုက်ခဲ့တဲ့မြေတွေ ကြက်ဆူပင်စီမံကိန်းအရ မစိုက်မနေစိုက်ရမယ်ဆိုပြီး မြေသိမ်း
ကြက်ဆူစီမံ ကိန်း ပျက်တော့ အမည်ပြောင်းပြီး ကလိန်ကကျစ်လုပ်ပြီးယူခဲ့တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ
ဘုရားမြေကစလို့ သုသာန်မြေအထိ မုဆိုးမမြေ အမှိုက်ပုံပါမကျန် အလွတ်မပေးဘဲ လူအချို့ရဲ့ရင်ထဲမှာ
မြေလောဘတွေက တရိပ်ရိပ်တက်နေတုန်း--------
ကော့သောင်းမှာဆိုရင်လည်းပိုင်ရှင်အသီးသီးနဲ့
အိမ်မဆောက်ဘဲယူထားကြတဲ့မြေတွေ အမိမြေစီမံကိန်း မှာ ဦးကျော်ငြိမ်းစီမံကိန်းမှာ အေးရိပ်ငြိမ်အားကစားကွင်းအနောက်ဥိးမာမန်းစီမံကိန်းမှာ
(၄)မိုင်ကွက်သစ်မှာ အကွက်ရာချီကျန်နေတုန်း အုပ်ချူပ်သူတွေက စည်းကမ်းနဲ့လုပ်မယ်ဆိုရင် မြေပေးမိန့်ထွက်ပြီး တစ်နှစ်ကြာတဲ့ အထိအိမ်မဆောက်ရင်မြေသိမ်းလို့ရတယ်
အုပ်ချူပ်သူတွေရဲ့ဒီအိမ်မဆောက်တဲ့မြေတွေကို နေစရာမရှိတဲ့ အောက်ခြေလူတန်းစားအမှန်တွေကို
စိစစ်ပြီး နေရာချထားပေးလိုက်မယ်ဆိုရင် (တရားမျှတခြင်း)ဆိုတဲ့ နိုင်ငံတော်သီချင်းထဲကယုံကြည်ချက်ကိုပိုခိုင်မာစေမှာပါ အခုစံနစ်သစ်အုပ်ချူပ်ရေးအဖွဲ့များ ဘော်ဒါတွေ တပည့်တွေရဲ့မျက်နှာကိုပဲ့မကြည့်ဘဲ
ဆင်းရဲသား နင်းပြားအခြေမဲ့တွေအတွက် စဉ်းစားပြီး လုပ်ပေးမယ်ဆိုရင် နတ်လူသာဓုခေါ်ပါလိမ်မယ်လို့ဆိုခြင်းဖြစ်ပါတယ်။
အရင်ကငါးခိုးဖို့ ပစ္စည်းခိုးဖို့၊ ဘော်လုံးခိုးပို့ဖို့ဘဲ့ကြံစည်နေတဲ့
လုပ်ငန်းရှင်အချို့က ရောဘာခေတ် ကောင်းလာတော့ ရောဘာခြံတွေချဲ့ထွင်ကြ အချို့လုပ်ငန်းရှင်တွေက
စိုက်ပျိုးရေး မွေးမြူရေး အမည်တပ်ပြီး မြေလျှောက် ပြီးရင်အကွက်ရိုက်ပြီးရောင်းနဲ့ ဥပဒေကိုလက်တလုံးခြားလုပ်နေကြပါတယ် ဆင်းရဲသားတွေ ဥပဒေနဲ့အညီလျှောက်ဖို့ကြိုးစားကြပြန်တော့
မြေစာရင်း ထွေ/အုပ် ဌာန၀န်ထမ်းအစုတ်ပဲ့တစ်ချို့ကညစ်ပတ်ပြီး ပညာပြဟိုရှောင် ဒီလွဲလုပ်
အဖက်မတန်သလိုဆက်ဆံနဲ့ ငွေရှင် ကြေးရှင်တွေနဲ့ပေါင်းစားနေကြပါတယ် သက်ဆိုင်ရာများအောက်ခြေအထိဆင်းပြီး စစ်ဆေးကြပ်မတ်ပေးပါ ၀န်ထမ်းကောင်းမှ နိုင်ငံကောင်းပါလိမ်မယ် မြေယာနဲ့ပါတ်သက်တဲ့ဝန်ထမ်းဆိုးတွေကို ထိထိရောက်ရောက်ဆုံးမပေးပါ သူခိုးအားပေးမလုပ်ကြပါနဲ့-------
ဘယ်လောက်လောဘနဲ့ပဲ့ရှာရှာ ဘယ်လိုကလိန်ကကျစ်နည်းနဲ့ပဲ့ကျိုးစားကျိုးစား
လူဆိုတာသေသွားရင် ဘာဆိုဘာမှ ယူမသွားနိုင်ကြဘူးဆိုတာ နေ့စဉ်နေ့တိုင်း ရွှေပြည်သာင်္သချိင်းမီးဖောင်း
ကသက်သေပြနေပါတယ် မြေမက်တဲ့သူတွေ မြေနဲ့ပါတ်သက်တဲ့ဝန်ထမ်းတွေ အဲဒီကိုလာကြည့်ပြီး သံဝေဂယူကြပါ မြေလုပွဲသံသရာအဆုံးသတ်နိုင်ပါစေ မတရားရယူတဲ့ မြေမက်တဲ့စိတ်များကင်းဝေးကြပါစေ-------
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar