အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 23 maj 2014

ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်လေးရောက်ပြီ(ဒုတိယ သမ္မတကြီးဥာဏ်ထွန်း)

ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်လေးရောက်ပြီ(ဒုတိယ သမ္မတကြီးဥာဏ်ထွန်း)



ဒုတိယသမ္မတတဦးရဲ့ ဒီလို ပြောဆိုချက်တွေအပေါ် ဝေဖန်ချက်တွေ ကျယ်လောင်တာနဲ့ပတ်သက်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်ကို မေးမြန်းရာမှာ ဒီပြောဆိုချက်ဟာ ဆိုလိုချက်ကို အဓိပ္ပာယ်ကောက်ယူမှုလွဲပြီး ပြောဆိုတာ ဖြစ်တယ်လို့ ဖြေဆိုပါတယ်။

“လူတွေက ထုံးစံအတိုင်းပဲ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူပြီးတော့ ပြောတာပါ။ တကယ်တော့ ဒုတိယ သမ္မတ ပြောတာက ကျနော်တို့ အားလုံးသိတဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းပေါ့နော်၊ ဆင်းရဲနွမ်းပါးမှုမျဉ်းက အရင်တုန်းက ၁ ဒေါ်လာ သတ်မှတ်တယ်။ နောက် ၂၀၀၈ ခုနှစ်မှာ ၁ ဒဿ မ ၂၅ ဒေါ်လာ အောက် ၀င်ငွေရှိတဲ့သူတွေကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်တယ်လို့ ပြောတယ်။ ဒုတိယ သမ္မတကြီးပြောတဲ့ ဆိုလိုတဲ့ သဘောကတော့ အဲဒီ ၂၀၀၀ အောက် အပေါ်ရောက်လို့ရှိရင် ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်ကို ရောက်ပြီပေါ့။ ဒါကို သူက ဆိုလိုတာပါ။ နိုင်ငံတကာသတ်မှတ်တဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းပေါ့။ နောက်တခုက ကျနော်တို့လုပ်နေတဲ့ ဆင်းရဲနွမ်းပါးလျော့ချရေးဆိုတော အဲဒီစံနဲ့ လိုက်လုပ်နေရတာကိုး။”
http://burmese.dvb.no/

နော်ဝေတို့ဆော်ဒီတို့လိုနိုင်ငံတွေကချမ်းသာတော့နိုင်ငံသားတွေကို
လစဉ်အပိုထောက်ပံ့တာတွေရှိတယ်၊နိုင်ငံခြားကျောင်းသွားတက်သူ
တလ$၂၀၀၀ထောက်ပံ့တာရှိတယ်၊
ကြံ့/ဒု က($2.25) ကျပ်၂၀၀၀ ကိုတောင် Tax ၁၂ရာနုန်းဖြတ်ချင်သေးလားမသိ၊
၂၀၁၅ အတွက်မဲဆွယ်ပေးနေတာလေ၊ —
၂၀၁၅မှာဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်ပါးပါးလေးရောက်စေရမယ် ကျွန်တော်တို့
ကြံ့ဖွတ်ကိုမဲထည့်ပါ။ —

Inga kommentarer:

Skicka en kommentar