အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 16 maj 2014

သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ်ကြား သဘောထားကွဲလွဲဟု သတင်းများထွက်

သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ်ကြား သဘောထားကွဲလွဲဟု သတင်းများထွက်



 Tomorrow

သမ္မတ ဦးသိန်းစိန် နှင့် ကာကွယ်ရေး ဦးစီးချုပ်ကြား သဘောထား ကွဲလွဲမှု တစ်စတစ်စ မြင့်မားလာနေသည်ဟု အစိုးရ အသိုင်းအ၀ိုင်း နှင့် တပ်မတော် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ပထမဆုံး သဘောထား ကွဲလွဲမှုမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လက်နက်ကိုင်တပ်များ၏ အကြီးအကဲဖြစ်သူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မသိပဲ သမ္မတနှင့် ပြည်ထဲရေး ၀န်ကြီးတို့မှ ရဲတပ်ရင်း ဆယ်ရင်းတိုးချဲ့ခဲ့သည့် ကိစ္စဖြစ်သည်။ ထိုအကြောင်းကို နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီ အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရသည့်အတွက် တင်းမာမှုများ ဖြစ်ခဲ့သည်။ ထိုသတင်း မပေါက်ကြားရန်နှင့် အာရုံလွှဲရန်အတွက် လွှတ်တော်တွင် လုံခြုံရေး ၄၀ခန့်မည့် ကိစ္စကို သမ္မတ၏ အကြံပေး ဦးရဲထွဋ်က သူနှင့်ရင်းနှီးသည့် မီဒီယာများသို့ သတင်းထုတ်ပေးပြီး လွှတ်တော်က ခါးပိုက်ဆောင် လုံခြုံရေးတပ်ဖွဲ့ ဖွဲ့မည်ဟု မီဒီယာများဘက်တွင် ပါလာရန် ဆောင်ရွက်ခဲ့သည်။

ဒုတိယ သဘောထားကွဲလွဲသည့် ကိစ္စမှာ ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်းမော် အမေရိကန်သွားရန် ပတ်စ်ပို့ကို သမ္မတရုံး အစီအစဉ်ဖြင့် ထုတ်ပေးခဲ့ရာ စစ်မက်ဖြစ်ပွားချိန်တွင် ထိုကဲ့သို့ ထုတ်ပေးလိုက်ခြင်းအားဖြင့် ကေအိုင်အို အနေဖြင့် နိုင်ငံရေးအမြတ် ရရှိသွားမည်ဟု တပ်မတော်ဘက်မှ ယူဆခဲ့သည်။

ယခုနောက်ဆုံး သဘောထားကွဲလွဲမှုမှာ နိုင်ငံတော် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုများ ပေးရာတွင် ဦးပိုင်သည် အခွန်အဆောင်ဆုံးတွင် ဒုတိယနေရာနှင့် တတိယနေရာတွင် ရှိသော်လည်း ဆုမပေးရန် ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတ၏ စီးပွားရေး အကြံပေးဖြစ်သူ CBဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက သူ၏ ဘဏ်ဆုရရန်အတွက် ဦးပိုင်မှဆောင်သော အခွန်ငွေများသည် စီးကရက်၊ ဘီယာမှ ဆောင်သော အခွန်ငွေများဟုဆိုကာ ချန်လှပ်ခဲ့သည့်အပြင် အဆင့်လေးနေရာမှ CP Livestock ကုမ္ပဏီကိုလည်း နိုင်ငံခြားသားများဟုဆိုကာ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဦးပိုင်သည် နိုင်ငံတော်သို့ အခွန်မဆောင်ဘဲ စီးပွားရေးလုပ်ငန်းများ လုပ်နေသည်ဟု ပြည်သူများ အထင်မှားနေချိန်တွင် ယခုကဲ့သို့ အခွန်အဆောင်ဆုံး ဒုတိယ ရရှိခဲ့ပါက ပြည်သူများ အမြင်ရှင်းသွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တင်ပြသော်လည်း သမ္မတရုံးက ဦးခင်မောင်အေး၏ အစီအမံကိုသာ လက်ခံပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ မေတ္တာရပ်ခံချက်ကို ပယ်ချခဲ့သည်။

ယခုဖြစ်ပေါ်နေသော အခြေအနေများအရ သမ္မတနှင့်သမ္မတ အကြံပေးများက တစ်ဖက်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တစ်ဖက် မကျေလည်မှုများ တစ်စထက်တစ်စ ပိုမိုများပြားလာနေကြောင်း အစိုးရ အသိုင်းအ၀ိုင်းနှင့် တပ်မတော် အသိုင်းအ၀ိုင်းက ဝေဖန် ပြောဆိုလျက်ရှိကြသည်။ တပ်မတော် အရာရှိကြီး တစ်ဦးက ပြောကြားရာတွင် “သမ္မတကြီးက ရိုးသားတယ်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ တစ်ပြိုင်တည်းမှာပဲ သမ္မတကြီးက စီးပွားရေးလည်း သိပ်နားမလည်၊ အရပ်ဖက်က လူတွေနဲ့လည်း တွေ့ထိမှုနည်းခဲ့လေတော့ သမ္မတနားမှာ အကြံပေးဆိုပြီး သူတို့ ထင်ပေါ်အောင်၊ သူတို့ စီးပွားဖြစ်အောင် လုပ်နေတဲ့ သိုးမည်းတွေက အရမ်းများနေတယ်။ ဒီအတိုင်းဆိုရင် သမ္မတကြီးပါ နာမည်ပျက်လိမ့်မယ်။ အဲဒီထက်ဆိုးတာက အစိုးရနဲ့ တပ်မတော်ကြားမှာ ပြဿနာတွေ ထပ်မံကြီးထွားလာလိမ့်မယ်”ဟု သူ၏ အမြင်ကို Tomorrowသို့ ပြောကြားသွားခဲ့သည်။ ထို့ပြင် သမ္မတအကြံပေးများက အခွန်အများဆုံး ထမ်းဆောင်သူဆုကို အလှည့်ကျပေးအပ်ရန် စီစဉ်နေခြင်းသည် အခွန်အများဆုံး ထမ်းဆောင်သည့်ဆုရ ပြီးသူများကို နောင်နှစ်များတွင် အခွန်လျှော့ဆောင်ရန်နှင့် အခွန်ရှောင်ရန် တွန်းအားပေး သကဲ့သို့ဖြစ်ပြီး နိုင်ငံတော်၏ ဘဏ္ဏာငွေအ၀င်ကို ထိခိုင်နိုင်ကြောင်း ဘဏ်လုပ်ငန်းရှင် တစ်ဦးက Tomorrowသို့ ပြောကြားခဲ့သည်။




Inga kommentarer:

Skicka en kommentar