အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 4 maj 2014

“တစ်အချက် ဆန့်ကျင်တယ်၊ နှစ်အချက် မကြောက်ဘူး။” (အောင်ဝေး)

M-Media
ကဗျာဆရာ အောင်ဝေး

4
အာရပ်နွေဦးကို
ငါတို့ ထောက်ခံခဲ့တယ်
မှားပြီလား။

ငါတို့ နွေဦးကို
သူတို့ နားမလည်ပါလား။

လူ့ အခွင့်အရေးလား
ဂျေဟတ်လား။

ငါ့သဘောထား
( ကဗျာဆရာအောင်ဝေး သဘောထား)
ဘယ်ခြိမ်းခြောက်မှုမျိုး မဆို
တစ်အချက် ဆန့်ကျင်တယ်
နှစ်အချက် မကြောက်ဘူး။

အခု
(ပြည်တွင်းမှာ)
မွတ်ဆလင်စစ်စစ်ကြီး
အဘ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
မကျန်းမမာ ဖြစ်နေတယ်။

ငါ
ဒါကိုပဲ စိတ်ဝင်စားတယ်။

ကမ္ဘာ့ လွတ်လပ်ရေးတိုက်ပွဲဝင်
သူရဲကောင်းကြီး
အဲဒီ မွတ်ဆလင်ကြီး
ကျန်းမာပြီး
အသက်ရှည်ပါစေ
ငါဆုတောင်းတယ်။

မပြီးဆုံးသေးတဲ့
ဗမာ့ ဒီမိုကရေစီ ခရီး
ဆုံးခန်းတိုင်
အဘ လျှောက်လှမ်းနိုင်ပါစေ
ငါ ဆုတောင်းတယ်။

အောင်ဝေးဟာ
ဗမာ့နိုင်ငံသား
မြန်မာတိုင်းရင်းသား
အားလုံးက
နားလည်နိုင်ကြပါစေသား။    ။

(လျှက်တစ်ပြက် သတင်းဂျာနယ်၊ အတွဲ (၃)၊ အမှတ် (၉၃) တွင်  ကဗျာဆရာ အောင်ဝေးမှ ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူစဉ်က ရေးသားပေးပို့ခဲ့သော ကဗျာအား ဆရာကြီး တစ်နှစ်ပြည့် အမှတ်တရ အောင့်မေ့ဖွယ်ဖြင့် ပြန်လည်ဖော်ပြအပ်ပါသည်။)
ဓါတ်ပုံအညွှန်း-ဆရာ ဒဂုန်တာရာ အသက် ၉၃နှစ်ပြည့် အကြို အလှူပွဲ သို့ တက်ရောက်သော စာရေးဆရာ ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (ဘီဒီအေ လေယာဉ်ပစ်တပ်သားဟောင်း) 2012, January

                                       မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar