အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 15 maj 2014

ရွှေမော်ဓောစေတီရင်ပြင်တော်အထိ ပဲခူးတိုင်းအစိုးရအဖွဲ့ ကားမောင်းတက်၍ ဝေဖန်ခံရ

  ရွှေမော်ဓောစေတီရင်ပြင်တော်အထိ ပဲခူးတိုင်းအစိုးရအဖွဲ့ ကားမောင်းတက်၍ ဝေဖန်ခံရ



ပဲခူးမြို့ ရွှေမော်ဓောစေတီရင်ပြင်တော်အပေါ်တွင် ခင်းထားသော ကော်ဇောနီပေါ်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ကားတစ်စီးမောင်းနှင်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ကိုရှိုင်း(ပဲခူး))

ကဆုန်လပြည့်နံနက်က ညောင်ရေသွန်းပွဲကျင်းပရာ ပဲခူး မြို့ ရွှေမော်ဓောစေတီ ရင်ပြင် တော်ပေါ်အထိ ကော်ဇောနီလမ်း တစ်လျှောက် ကားမောင်းတက် ခဲ့သည့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ သတင်းဓာတ်ပုံများ အင် တာနက်စာမျက်နှာများပေါ်တွင် တက်လာသဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။

‘‘ဘုရားပေါ်မှာ ဘယ်သူမှ ဖိနပ်မစီးဘူး။ ဘုန်းကြီးရော၊ လူ ရော၊ ဘယ်သူမှ စီးခွင့်မရှိပါဘူး။ လူတွေက ကားနဲ့လာရင် တက်လို့ ရတယ်ဆိုတာ မသိကြလို့ပါ။ ရင်ပြင်တော်ကို ကားနဲ့လာဖို့ လမ်းလုပ်ထားတာ အခုမှမဟုတ်ဘူး။ လူတွေက မသိကြလို့ပါ။ လူတိုင်းက မြို့ထဲဘက်ကပဲ တက်ကြတာလေ’’ ဟု ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး တင်နွယ်ထွန်းက ပြောသည်။

ရွှေမော်ဓောစေတီရင်ပြင် မြောက်ဘက်မုခ်တွင် သက်ကြီး ရွယ်အိုများ အလွယ်တကူ တက် ရောက်ဖူးမြော်နိုင်ရန် ကုန်းစောင်းလေးသဖွယ် လုပ်ထားသော်လည်း ထိုင်းနိုင်ငံမှ သာသနာပြုအဖွဲ့ ရောက်စဉ်ကပင် ကားဖြင့် တက်ရောက်ခြင်း မရှိခဲ့ကြောင်း ပဲခူးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မေလ ၁၃ ရက် နံနက် ၇ နာရီ မိနစ် ၃၀ မှ နံနက် ၉ နာရီအထိ ညောင်ရေသွန်းပွဲတော်ကျင်းပခဲ့ ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအ ဖွဲ့ ၀န်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းတရားသူ ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န် ကြီးများသည် အနက်ရောင်ကား ခြောက်စီးဖြင့် ရင်ပြင်တော်သို့ လက်ယာရစ်တစ်ပတ် ပတ်ခဲ့ကြ ကြောင်း ဒေသခံအမျိုးသားကြီး တစ်ဦးက ပြောသည်။

‘‘ကားတွေက မြောက်ဘက် မုခ်ကတက်ပြီး မုခ်ဦးထိပ်နားက ကျောက်ပန်းတောင်းဓမ္မာရုံနား မှာပဲ ရပ်ထားတာပါ။ ပြီးမှ ၀န် ကြီးချုပ်နဲ့ အဖွဲ့တွေက လမ်းဆင်း လျှောက်ပြီး တောင်ဘက်က အင်္ဂါထောင့်မှာရှိတဲ့ မြင်းကျား ဓမ္မာရုံမှာ ညောင်ရေသွန်းပွဲအ ခမ်းအနားလုပ်တာပါ။ အဲဒီအထိပဲ ကော်ဇောနီခင်းထားတာပါ’’ ဟု ရွှေမော်ဓောစေတီ ဂေါပကရုံးအဖွဲ့မှူး ဦးကျော်အေးက ပြောသည်။

သန်းဌေး၊ အောင်သစ်လွင်
7Day Daily 

Inga kommentarer:

Skicka en kommentar