အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 10 maj 2014

မအူပင်ဟောပြောပွဲမှ ဘုန်းဘုန်းရဲ့မေးခွန်းနဲ့အမေစုရဲ့အဖြေ

မအူပင်ဟောပြောပွဲမှ ဘုန်းဘုန်းရဲ့မေးခွန်းနဲ့အမေစုရဲ့အဖြေ



အဂ္ဂမဟာ ဘားမား လူရမ်းကား


ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲနေ့တွင် ကြံ့ခိုင်ရေးအမတ် ရှင်ပြုအလှူပွဲလုပ်

မအူပင်၊ မဇ္ဈိမ။ ။ မအူပင်မြို့တွင် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲလုပ်မည့် မေလ ၁ဝရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်ဝင်းက ရှင်အပါး ၃ဝဝ ရှင်ပြုအလှူ ပြုလုပ်ခဲ့သည်။
ရှင်ပြုအလှူပွဲကို မအူပင်မြို့ ရွှေဘုန်းမြတ်စေတီတွင် ပြုလုပ်ခဲ့ပြီး ရှင်ပြုပွဲသို့ မအူပင်မြို့နှင့် အနီးရှိ ကျေးရွာများမှ ဒေသခံများက မေလ ၆ရက် နံနက်အရောက် ရွှေဘုန်းပွင့်စေတီသို့ လာရန် မေလ ၃ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ဆော်သြထားသည်ဟု ဒေသခံများက ပြောသည်။
ယင်းနေ့ နံနက် ၉ နာရီ ၁ဝမိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောရန် မအူပင်မြို့သို့ ရောက်ရှိခဲ့သည်။
သူမအလာကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ လူအင်အား တစ်သိန်းခန့်က နံနက်အစောပိုင်းမှ စတင်၍ လာရောက် စောင့်ဆိုင်းခဲ့သည်။ ယမန်နေ့ (မေလ ၉ရက်)ကလည်း မအူပင်မြို့တွင် မိုးရွာသဖြင့် ဒေသခံများက ဟောပြောပွဲပြုလုပ်ချိန်တွင် မိုးရွာပါက ပွဲပျက်မည်ကို စိုးရိမ်သဖြင့် မိုးတားဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသေးသည်။
ဟောပြောပွဲကို နံနက် ၉နာရီခွဲခန့်တွင် စတင်ကာ ၁ဝနာရီ ၄ဝခန့်တွင် ပြီးစီးသွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် မအူပင်မြို့ရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဦးမည်ဖြစ်သည်။

Inga kommentarer:

Skicka en kommentar