အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 4 maj 2014

အာဖဂန်မြေပြိုမှု လူထောင်ချီသေဆုံး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများလည်း နှောင့်နှေးနေ

မေ ၄၊ ၂၀၁၄
M-Media
Afghan_landslide_AP
- အာဖဂန်နစ္စတန် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ဆိုးရွားသည့် မြေပြိုမှုများ ဖြစ်ပေါ်နေပြီး သေဆုံးသူမှာ ထောင်ချီရှိသည်ဟု အာဖဂန် အာဏာပိုင်များက ပြောကြားခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်း ဘာဒက်ရှန်ပြည်နယ်တွင် ပြီးခဲ့သည့် သောကြာနေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝေးလံခေါင်ဖျားသော ဟိုဘိုဘာရစ်ရွာပေါ်သို့ ထုထည်ကြီးမားစွာ မြေပြိုကျခဲ့ပြီး မိသားစု ၃၀၀ မှ လူပေါင်း ၂၁၀၀ ကျော် နစ်မြုပ်သေဆုံးခဲ့သည်ဟု အဆိုပါပြည်နယ် အုပ်ချုပ်ရေးမှူး ရှား ၀လီယွတ်လာ အဒီးဘ်က ယနေ့တွင် ပြောကြားခဲ့သည်။
အာဖဂန်အာဏာပိုင်များ၏ သေဆုံးမှု သတင်းထုတ်ပြန်ချက်အား ထိုဒေသအတွင်းရှိ ကုလသမဂ္ဂ တာဝန်ရှိသူများက အတည်ပြုနိုင်ခြင်း မရှိသေးဘဲ လူ ၃၅၀ သေဆုံးကြောင်း သတင်းရပြီး၊ လူအများအပြား ပျောက်ဆုံးနေကြောင်း ပြောဆိုခဲ့သည်။ မြေပြိုမှုကြောင့် လူပေါင်း ၄၀၀၀ ကျော်အား ပြောင်းရွှေ့ပေးခဲ့ရသည်။
ပြိုကျခဲ့သည့် မြေအမြင့်မှာ မီတာ ၆၀ ခန့်ရှိပြီး အနည်းဆုံး အိမ်ခြေ ၂၅၀ ခန့် နစ်မြုပ်ခဲ့ကာ မြေပြိုမှုများ ထပ်မံဖြစ်ပေါ်မည့် အန္တရာယ်ရှိနေသည်ဟု အာဏာပိုင်များက ထပ်လောင်း ပြောကြားခဲ့သည်။ ဒုက္ခရောက်နေသူများ အတွက် အကူအညီများကို ပို့ဆောင်နေသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် နှောင့်နေးမှုများ ရှိနေသည်။
ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နေပြီး ပြိုကျနေသောမြေများအား ရှင်းလင်းရန်အတွက် ကြီးမားသည့် ယာဉ်များလိုအပ်နေသည်။
Al Jazeera and agencies

                                       မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar