အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 25 maj 2014

၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့သို့ မှာတမ်း ...

၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့သို့ မှာတမ်း ...

ချိုတူးဇော် (Cho Tu Zal'Facebook Status)
တကယ်လို့များ ခင်ဗျားတို့ဟာ ၈၈ ကာလတုန်းက ကျနော်တို့ ရင်ဘောင်တန်းပြီး အတူလျှောက်ခဲ့တဲ့အခါ၊ ကျနော့်တသက်လုံး ဘယ်တော့မှ ဖျောက်ဖျက်မမေ့ပစ်နိုင်အောင် ခေါင်းဆောင်တွေအနေနဲ့ လေးစားကျန်ရစ်စေခဲ့ရတဲ့ ရင်ဘတ်ကို ဘက်နက်နဲ့ တေ့ခံထားရစဉ်မှာ တလှမ်းချင်း ပြောပြီး၊ ရှေ့ကို တက်ခဲ့တဲ့ ခွပ်ဒေါင်းစိတ်၊ ခွပ်ဒေါင်းအားမာန်တွေ ရှိနေ၊ ကျန်နေသေးတယ် ဆိုရင်၊ လာမယ့် အချိန်အတောအတွင်း၊ သမ္မတနဲ့ ထပ်တွေ့ဖြစ်ရင် ဘာမှ အပိုဆာဒါး ပြောမနေတော့ဘဲ၊ အတတ်နိုင်ဆုံး ပြည်သူ့လက်ကို အာဏာပြန်အပ်ဖို့၊ နည်းလမ်းရှာပြီး၊ အာဏာကို လက်လွှတ်ကြဖို့သာ ကြံ့ဖွံ့အစိုးရကို ကျနော် အပါအ၀င် ပြည်သူတရပ်လုံးကိုယ်စား ပြောပေးစေချင်ပါတယ်။

သူတို့စိုးရိမ်အကြောက်လွန်နေသလို စစ်ရာဇ၀တ်ကောင်တွေ မဖြစ်ရဖို့၊ ညင်သာငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ရင် ရနိုင်ပါလိမ့်မယ်၊ တပ်မတော်အနေနဲ့လဲ အမှန်တကယ်ကို ဒီမိုကရေစီထူထောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မှာဖြစ်ပြီး၊ သမိုင်းကောင်းသစ်တရပ် ပြန်လည် ရေးသားလာနိုင်ပါလိမ့်မယ်။

လက်ရှိ အစိုးရအနေနဲ့ကတော့ ပြီးခဲ့တဲ့ နှစ်ကာလ(၂၀၁၀ လွန်) တွေမှာတင်၊ ပြည်သူရဲ့ အယုံအကြည်ကို လုံးလုံးကင်းမဲ့ခံလိုက်ရပြီ ဖြစ်လို့ ခုချိန်မှာ ဒီတနည်းသာ ရှိတော့ပါကြောင်း၊ စိတ်ကောင်းနှလုံးကောင်းနဲ့ ဘယ်လို လုံခြုံတဲ့ အငြိမ်းစားယူမှုမျိုးကို လုပ်မလဲ ဆိုတာကိုပဲ နည်းလမ်းရှာကြဖို့ တိုက်တွန်းလိုက်ပါ။

ခင်ဗျားတို့ဟာ ကျနော် အပါအ၀င် ပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတရပ်အနေနဲ့ ဆက်လက် ရပ်တည်မယ်ဆိုရင်ပေါ့။ ပုဒ်မ ၅၉(စ) ကို မပြင်သင့်ဘူး ဆိုပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်၊ NLD ကို ဆန့်ကျင်ပြီး စစ်အုပ်စု အလိုကျ အခန်းကဏ္ဍက ကပြ၊ ရပ်တည်လိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာမက်တဲ့ နိုင်ငံရေးအမြတ်ထုတ်လိုသူ မိန်းမကြီးဖြစ်ပြီး၊ သမိုင်းစာမျက်နှာက ကျဆုံးသွားမလား၊ ခင်ဗျားတို့ဟာ စစ်အုပ်စုနဲ့ သင်းပင်း ဖောက်ပြန်သွားသူတွေအနေနဲ့ ပြည်သူ့ချဉ်ဖတ်အဖြစ် ကျဆုံးသွားကြမလားဆိုတာ အထွေအထူး မပြောလိုတော့ပါဘူး။

ပြောစရာလည်း မလိုဘူးလို့ကို ခင်ဗျားတို့အပေါ် ယုံကြည်ပါတယ်။
တယောက်မှ ဖောက်မသွားလောက်ဘူးလို့လည်း ယုံကြည်ပါတယ်။

နှာစေးလွန်း၊ အမြင်မတူတာတွေ များလွန်းလို့ ခင်ဗျားတို့ကို တောက်လျှောက် ဆန့်ကျင်ခဲ့ရာက ခုရက်ပိုင်း ၂၀၀၈ နာဂစ်ဥပဒေ ပြင်ရေး လှုပ်ရှားမှုတွေမှာ အရင်လူတွေ ပြန်ရလာပြီလို့ ၊ ၀မ်းပန်းတသာနဲ့ ယုံကြည်မျှော်လင့်မိပါတယ်။

ခင်ဗျားတို့ အသက်တွေလည်း ၅၀ တန်းတွေပါ။
ဆရာဦးဝင်းတင် ဈာပန စည်သလို၊
ဒေါ်အောင်ဆန်းစုကြည်လည်း စည်မှာ၊
မင်းကိုနိုင်လည်း စည်မှာပါပဲ။

သို့ပေမဲ့ ပြည်သူတွေ တကယ်လိုတာ ရေဆုံးကုန်ဆုံး အာဏာရှင်ကို အပြုတ်တိုက်ရေးပါ။

ဈာပန စည်ရုံလောက်လေးနဲ့ သမိုင်းကို အလှ မထားခဲ့ပါနဲ့ဗျာတို့၊ သရေကျရုံ မကစားသွားဘဲ၊ ရေဆုံးကုန်ဆုံး ညှစ်အားတွေ အပြည့်ထည့်ပြီး အနိုင်ကန်ခဲ့ကြဖို့ တောင်းဆိုပါရစေ။

မသေခင်တော့ အာဏာရှင်စနစ် ဖြုတ်ချပေးသွားခဲ့ကြပါလေ။

ချိုတူးဇော်


                                              မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar