အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 4 maj 2014

သူခိုး နဲ့ သူဝှက် ပြသနာတက်

သူခိုး နဲ့ သူဝှက် ပြသနာတက်



ရန်ကုန်၊ ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်ရှိ ယခင်ကျောက်မြောင်း ယာယီဈေး ဖွင့်ခဲ့ရာ မြေကွက်အား အာဏာရကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် စည်ပင် ကော်မတီဝင်အချို့၊ တာမွေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ တို့ ပူးပေါင်းကာ အခိုင်အမာ ချုပ်ဆိုထားသော စည်ပင်မြေငှားစာချုပ်ပါ အမည်ပေါက် ကာယကံရှင်ကို အကြောင်းကြား၊ အသိပေးခြင်း မရှိဘဲ တာမွေမြို့နယ် ကြံ့ခိုင်ရေးပါတီ ကော်မတီဝင်တစ်ဦး အမည်ပေါက်သို့ ပြောင်းလဲ ခဲ့ခြင်း ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ဈေးများဌာနမှ သတင်းရရှိခဲ့သည်။
ထိုသို့မြေငှားရမ်းမှုအပေါ် အလွဲသုံးစား ပြုလုပ်ခဲ့ခြင်းသည် ထိခိုက်နစ်နာစေသည်ဟု ကာယကံရှင်ဖြစ်သူ ဦးအောင်ကိုကိုက ““ကျွန်တော့်ကို အမည်ပေါက် ချထားပေးခဲ့တာ မြေကွက်ကနှစ်ခု။ နှစ်ခုစလုံးကို သူတို့ကပဲ လစဉ်ကြေးယူပြီး ကျွန်တော့်ကိုလည်း အသိမပေးဘဲ သူတို့ပဲစည်ပင်မှာ မြေငှားရမ်းခ သွားသွင်းတာ။ အခုက မြေတစ်ခုကို အမည်ပြောင်းတာပေါ့။ အမည်ပြောင်းတဲ့ မြေကွက်ကလည်း မပြောင်းခင်အထိ ကျွန်တော့်နာမည်နဲ့ ငှားရမ်းခ သွင်းထားတုန်းပဲ။ ရလိုမှုနဲ့ ပြောတာ မဟုတ်ပါ ဘူး။ ကျွန်တော်လိုချင်ရင် အစတည်းက ယူမှာပေါ့။ အကျိုးအမြတ်တွေက ဘယ်ရောက်ကုန်လဲ မသိဘူး။ ပါတီဆီကိုလည်း ရောက်မှာ မဟုတ်ဘူး။ အခု တာမွေထဲမှာ ကျွန်တော်က ဒီမြေငှားရမ်းခတွေ ကျွန်တော်ပဲ ရနေတယ် ထင်နေကြတယ်။ ချမ်းသာနေ တယ်ပေါ့။ ကျွန်တော် အကျိုးခံစားခွင့် တစ်ခုမှ မရခဲ့ဘူး။ အခုက လုံးဝ အသိမပေးဘဲ မြေအမည်ပေါက်ပါ ပြောင်းတာလေ။ စည်ပင်ကရော ကာယကံရှင် မပါဘဲ ငွေသွင်း လက်ခံလို့ရလား။ အမည်ပြောင်းလို့ရလား။ သူတို့ပဲ စီမံခဲ့တဲ့ ကိစ္စမှာ ကျွန်တော်က ကြားထဲက အလကား နာမည်ပျက်တယ်””ဟု ပြောသည်။
မူလအမည်ပေါက်သူ အမည်နဲ့နောက်အမည် မပြောင်းခင်အထိ ဆိုင်ငှားရမ်းခတွေကို ဈေးများဌာနကို ပေးသွင်း ထားတဲ့ အတွက် အဲဒါက ကာယကံရှင် ခံစားရမှာ။ ဒီလိုမလုပ်ရင် ဒါဥပဒေအရ အလွဲသုံးစားမှု ပြုလုပ်ရာ ရောက်ပါတယ်။ အမည်ပြောင်းတာကလည်း မူလကာယကံရှင်ကို အသိမပေးဘဲ ပြောင်းလို့ရတာက စည်ပင်ဘက်က တစ်ခုခုမှားနေတာပဲ””ဟု ရှေ့နေဦးဇော်လင်းက ပြောသည်။
အမည်ပြောင်းခြင်းခံရ၍ နစ်နာသူ ဦးအောင်ကိုကိုသည် ကြံ့ခိုင်ရေးအသင်းမှ ပါတီပြောင်းသည်အထိ မြို့နယ် အလုပ်အမှုဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ယခုအခါ ပါတီဝင် မဟုတ်တော့ကြောင်း သိရှိရသည်။

ဝတ်ရည်နွေးနွေး

Myanmartandawsint Newspaper

.
.

Inga kommentarer:

Skicka en kommentar