အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 10 maj 2014

ပရိသတ်တွေရဲ့ မျက်ကြည်လွှာတွေ ကိုယ်စားလှူပေးခဲ့တဲ့ ထားထက်ထက်

ပရိသတ်တွေရဲ့ မျက်ကြည်လွှာတွေ ကိုယ်စားလှူပေးခဲ့တဲ့ ထားထက်ထက်


ပရိသတ်များကို မျက် ကြည်လွှာလှူဒါန်းရန် ဖိတ်ခေါ်ခဲ့ ပြီး အနယ်နယ်အရပ်ရပ်မှ လူ ဦးရေ၃၀ နီးပါး၏ မျက်ကြည်လွှာ ကို ကိုယ်စားအနေဖြင့် အလှမယ်ထားထက်ထက်က လှူဒါန်းပေး ခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၉ ရက်က မျက်စိဆေး ရုံကြီးတွင် ထားထက်ထက်က လှူဒါန်းပေးခဲ့သည်။
မျက်ကြည်လွှာလှူဒါန်းလို သော ပရိသတ်များကို ဖေ့စ် ဘွတ်ခ်ပေါ်တွင် သုံးရက်ကြာ တိုက်တွန်းခဲ့ပြီး နယ်မြို့များနှင့် ပြည်ပမှ ပရိသတ်များက မျက် ကြည်လွှာလှူဒါန်းရာတွင် လိုအပ် သောအချက်အလက်များကို ထားထက်ထက်ထံ ပေးပို့ကာ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လူကိုယ် တိုင်လာရောက်လှူဒါန်းသော ပရိ သတ်အချို့လည်း ရှိခဲ့သည်။
‘‘သုံးရက်လောက် ဖေ့စ် ဘွတ်ခ်ကနေ ကြော်ငြာပြီးတင် ပေးထားတာ။ အဲဒီလောက်အများ ကြီးလှူကြမယ်လို့လည်း မထင်ခဲ့ ဘူး။ လူကိုယ်တိုင်လာပြီး မလှူ နိုင်လို့ မန္တလေးကနေ ငွေလွှဲပြီး လှူပေးပါလို့ပြောတဲ့သူရှိတယ်။ ကိုယ်လှူတာထက် လှူချင်တဲ့ သူတွေကို စုပြီးလှူပေးရတာ ပိုပြီး ဝမ်းသာတယ်’’ဟု ထားထက် ထက်က ပြောသည်။
ထားထက်ထက်သည် ၎င်း ၏ မျက်ကြည်လွှာကို ၂၀၁၃ ခုနှစ် အောက်တိုဘာက လှူဒါန်းခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် ပရဟိတ များသာ လုပ်ဆောင်နေပြီး ပထမ ဆုံးရိုက်ကူးမည့် အက်ရှင်ကား အတွက် ပြင်ဆင်မှုများသာပြုလုပ် နေပြီး အခက်အခဲတချို့ကြောင့် ရိုက်ကူးရန်ကြန့်ကြာနေခြင်းဖြစ် ကြောင်း ထားထက်ထက်က ပြော သည်။
7day

Inga kommentarer:

Skicka en kommentar