တီဗီ မှာ presenter လုပ်နေတဲ့ကောင်မလေး ကို လက်ထိပ်ခတ်ရုံမကသံကြိုးနဲ့ပါထပ်ချီထား
တီဗီ programmer တစ်ခုမှာ presenter လုပ်နေတဲ့ကောင်မလေး တစ်ယောက်အကြောင်းကို
ကြားခဲ့တာကျွန်တော် တော်တော် စိတ်မကောင်းဘူး။
ဇာတ်လမ်းတိုရိုက်ကူးရေးမှာ သူကိုပါဝင်ဖို့ဆိုပြီး သူဌေးက ဇာတ်ညွှန်းမိတ္တူ တစ်ခုပေးလိုက်တယ်။
ဖြစ်ချင်တော့ အဲတလောမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူလည်း သူချစ်သူနဲ့ ခိုးရာလိုက်သွားတယ်။.
အဲအချိန်မှာ ဇာတ်ညွှန်းမိတ္တူကိစ္စကိုသူလည်း မေ့နေလောက်ရောပေါ့...
သူတို့်အားလုံးအဆင်ပြေလို့အိမ်လည်းပြန်ရောက်ကော
ကျောက်တံတားရဲစခန်းက ခဏလာတွေ့ပါဆိုပြီးဖုန်းဆက်တယ်လေ။
ဘာကိစ္စမှန်းရေရေရာရာ မသိပဲသူတို့လည်းသွားလိုက်ပါတယ်..
စခန်းလည်းရောက်ကော စခန်းမှုးက ဘာမှမပြောပဲ လက်ထိပ်ခတ်ပြီး အချုပ်ထဲ တန်းထည့်လိုက်ရော..
သူတို့လည်းဘာကိစ္စကြောင့်သူ့ကိုဖမ်းလည်း လို့လည်းမေးကော
စခန်းမှုးကဇာတ်ညွှန်း မိတ္တူ ပါသွားလို့ဖမ်းတယ်လို့ပြောတယ်...
ဖြစ်ချင်တော့ သူတို့ထွက်သွားလည်းကြာသွားပြီဆိုတော့
အိမ်မှာကျန်ခဲ့တဲ့စာရွက်တွေကလည်း ချတွေလည်းစား အရေးမကြီးလောက်ဘူးဆိုပြီး
သူ့အမေကလည်းမသိပဲ ပစ်လိုက်မိတယ်...
အကျိုးအကြောင်းလည်း သူတို့သူဌေးကိုတောင်းတောင်းပန်ပန်ပြောတာကိုလည်း
သူတို့သူဌေးကလက်မခံဘူး
တကယ်ဆို ဇာတ်ညွှန်းက မှုရင်းလည်းမဟုတ်ပါဘူး.. မိတ္တူ ပါ..
သူရောင်းစားလိုက်တာလည်းမဟုတ်ပါဘူး...
တကယ်ကိုတိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ..
ဒီနေ့နဲ့ဆို အချုပ် မှာ ၁ပတ်ရှိသွားပါပြီ
အာမခံလည်းမရပါဘူး
ကျွန်တော်နဲ့ကျွန်တော်တို့သူငယ်ချင်းတွေသူ့ သူဌေးကိုသွားဆွေးနွေးပါသေးတယ်
သူ့ သူဌေးပြောပုံက ” ကားတစ်စီးဝယ်ပေးမှကျေနပ်ပါမယ် ” တဲ့...
တကယ်ဆို ဒီကိစ္စက ဒီလောက်ထိ ဖြစ်ဖို့လည်းမသင့်ပါဘူး
ရော်ကြေးယူရင်လည်းယူ..
မယူရင်လည်းအလုပ်ထုတ်ရင်လည်းထုတ်.. တစ်ခုခုလုပ်လို့ရပါတယ်
ကောင်မလေးအသက်က၂၁ နှစ်ပဲရှိပါသေးတယ်..
ဒီလိုအသက်အရွယ်မှာ အခုအဖမ်းခံရတော့သူလည်း တော်တော်ရှက်မှာပဲလေ
နောက်ဆုံးမတတ်နိုင်တဲ့အဆုံး အချုပ်ထဲမှာ ဘယ်လိုမှမထားချင်လို့ကတကြောင်း
သူစိတ်ထိခိုက်ပြီး ကျန်းမာရေးမကောင်းမှုကတကြောင်း
နောက်ဆုံးရန်ကုန်ဆေးရုံကြီးမှာတင်ထားရပါတယ်
ဆေးရုံရောက်တော့လည်းသူတို့လုပ်ပုံက...
လက်ထိပ်ခတ်ရုံမကပါဘူး သံကြိုးနဲ့ပါထပ်ချီထားပါသေးတယ်
မိန်းကလေးတစ်ယောက်ကိုထိန်းတာကို ရဲ လေးယောက်နဲ့ထိန်းထားပါတယ်
အပေါ့အပါးသွားချင်တောင်ရှက်လို့သူခမျာမပြောရဲရှာပါဘူး
နိုင်ငံရေးလုပ်တာလည်းမဟုတ်ပါဘူး လူသတ်မှုလည်းမဟုတ်ပါဘူး
ဒါကိုဒီလောက်အငြိုးကြီးကြီးလုပ်ပုံထောက်တော့
သူ့ သူဌေးမှာဘာအကြံအစည်များရှိနေလဲ မသိပါဘူးဗျာ..
တကယ်တမ်းတော့ နှမချင်းကိုယ်စာတတ်ရင် ဒါလုံးဝမဖြစ်သင့်ပါဘူး
ကျွန်တော်သိသလောက်တော့ ရဲစခန်းက ခဏဆိုပြီး ခေါ်တွေ့ပြီး တစ်ခါထည်းဖမ်းချုပ်လို့မရပါဘူး
သူတို့လုပ်ပုံက အရင်ခေတ်ထောက်လှန်းရေးတွေ ခဏဆိုပြီးခေါ်ပြီး ဖမ်းချုပ်ထားသလိုပါပဲ
ဒါဘယ်လိုမှမတရားမှန်းသိကြမှာပါ..
ဒီကိစ္စကို အသေအချာသိချင်တဲ့ Media သမား တွေ လည်း ကျွန်တော်ဆီလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်
လက်ရှိတော့ရန်ကုန်ဆေးရုံကြီးမှာ ရှိပါသေးတယ်
ဒိုင်း ခင်ခင်
Inga kommentarer:
Skicka en kommentar