ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝန်းအတွင်းရှိ NLD အလံအား အမည်မသိ လူတစ်ဦးမှခိုးယူဖြုတ်ချ
ခွန် ဒီးယမ်
တရုတ်အလံကိုထိတဲ့သူတွေတော့ထောင်ချတယ်...ဒီတခါအာဏာပိုင်တွေဘာလုပ်မယ်ထင်လဲ....
ဦးအောင် ကြီး
အလံခိုးတဲ့ကိစ္စဟာ ပေါ့ပေါ့မဟုတ်ဘူး .... နေ့ခင်းကြောင်တောင်ဆိုတော့ သိပ်ကို အတင့်ရဲလွန်းတယ် .... မာမီသံ တို့ဆိုရင်တောင်မှ အဲ့လောက်အတင့်မရဲဘူး ဒီလူတွေကို အမြန်ဆုံးအရေးယူဖို့လိုတယ် .... ဒါကြောင့် ကျုပ်မြင်သလောက် သဲလွန်စ ကွင်းဆက်လေးတွေကို ဆွေးနွေးနိုင်ရန် တင်ပြလိုက်ပါတယ် ....။ ၁။ အလံခိုးတဲ့ ကောင်တွေဟာ ... အလံခိုးတဲ့ ပါတီဝင်တွေ ပဲဖြစ်ရမယ် ... ၂။ ဒါဆို … အလံခိုးတဲ့ ပါတီဝင်တွေ ရှိတဲ့ ပါတီဟာ အလံခိုးတဲ့ ပါတီ ဖြစ်မှာပဲ ... ၃။ ဒီအတိုင်းဆိုရင် အလံခိုးသူရှိတဲ့ အဖွဲ့အစည်းဟာ အလံခိုးတဲ့ အဖွဲ့အစည်းပဲ ... ၄။ အလံကို ခိုးခိုင်းတဲ့သူဟာလည်း အလံခိုးချင်လို့ပဲ ဖြစ်ရမယ် ..... ကျုပ်မှန်းရင်းလွဲခဲ တယ် .... ၅။ ဒါအလံခိုးချင်နေတဲ့လူက ခိုင်းတာပဲဖြစ်ရမယ်။ .... ၆။ နောက်ကွယ်က နေ အလံခိုးချင်သူ လူတစ်စုက ကြိုးကိုင်နေတာလည်း ဖြစ်နိုင်တယ် ....။ ၇။ အလံခိုးတာကို သဘောကျတဲ့ အစိုးရကလည်း ဘာမှမလုပ်ပဲ ဒီအတိုင်းမသိချင်ယောင်ဆောင်နေရင် အစိုးရလည်း အလံခိုးချင်သူနဲ့ အလိုတူအလိုပါ ပဲဖြစ်မှာသေချာတယ် ....။ ဒဲ့ပြောရရင် အစိုးရလည်း အလံခိုးချင်နေပုံရတယ်။ ၈။ ရဲတပ်ဖွဲ့လည်း အလံခိုးတာကို ချက်ခြင်းမဖော်ထုတ်နိုင်ရင် …. ဒါမှမဟုတ် အရေးယူဖို့ပျက်ကွက်ရင် အလံခိုးမှု ကို မသိမသာအားပေးအားမြှောက်ပြုသလိုဖြစ်မယ် … ဒီတော့ ဒီကိစ္စကိုရဲတွေသာ မသိချင်ယောင်ဆောင်ရင် ရဲတွေလည်း အလံခိုးရာမှာ အလိုတူအလိုပါလို့ ကောက်ချက်ဆွဲနိုင်တယ် …. ၉။ ဒီလို အလံခိုးတဲ့ ကိစ္စကို ကျေနပ်စွာ ပြုံးနေသူ …. ကောင်းတယ်ဟု သတ်မှတ်သူ ... ခိုးတာတောင်နည်းသေးတယ်လို့ မှတ်ချက်ပြုသူ အားလုံး ဟာ အဖွဲ့ချုပ် အလံကို ခိုးချင်သူများ ဖြစ်ရမယ်။ … အင်း ဆက်ပြီး စဉ်းစားရရင် အဖွဲ့ချုပ်က အင်အားနည်းပြီး အလံခိုးချင်သူများရင် အခက်အခဲဖြစ်နိုင်တယ် ….. အန္တရာယ်ရှိတယ်။ ဟုတ်ပြီ …. ဒါဟာ …. ကျုပ်တို့လို ပြင်ပပြည်သူတွေကိုပါ အဖွဲ့ချုပ်ကို အားအားဖြည့်စေချင်လို့ တပ်လှန့်လိုက်တာပဲဖြစ်ရမယ် ….။ ဒါကြောင့် အလံခိုးသူ နဲ့ နောက်ကွယ်က အလံခိုးချင်လို့ ကြိုးကိုင်သူတွေဟာ အဖွဲ့ချုပ်နဲ့ အလံခိုးချင်သူ အင်အားမမျှဘူးဆိုတာကို သွယ်ဝိုက်ပြီးပြလိုက်လို့ ကျေးဇူးတောင်တင်ရမယ် ... ဒီတော့ အလံခိုးသူတွေဟာ ကျေးဇူးရှင်တွေ (သို့) ကျေးဇူးရှင်နဲ့ ပတ်သက်သူတွေဖြစ်ရမယ် ... လောလောဆယ် ကျုပ်ရဲ့ စုံထောက် ပညာနဲ့ ဥာဏ်မှီတာကတော့ ဒီလောက်ပါပဲ

Inga kommentarer:
Skicka en kommentar