အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 7 januari 2014

တရုတ်သို့ ရေနံ၊ ဂက်စ်ပို့လွှတ်မှုကြောင့် မြေကြီးလှုပ်ခတ် သျှမ်း/မြောက်ပြည်သူများထိပ်လန့်

တရုတ်သို့ ရေနံ၊ ဂက်စ်ပို့လွှတ်မှုကြောင့် မြေကြီးလှုပ်ခတ် သျှမ်း/မြောက်ပြည်သူများထိပ်လန့်



 Tuesday, 07 January 2014
 သျှမ်းသံတော်ဆင့်/စိုင်းလုံ

လွတ်လပ်ရေးနေ့ ညက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံနှင့်ဂက်စ် ပို့လွှတ်မှုကြောင့် ပိုက်လိုင်းလမ်းကြောင်းတလျှောက် မြေကြီးလှုပ်ခတ် သွားရာ ဒေသခံများတုန်လှုပ်ထိပ်လန့် ကြသည်ဟု ဆိုသည်။ ဂျန္နဝါရီ ၄ ည ၉ နာရီ ၅၅ မိနစ်အချိန် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ၁၀ စက္ကန့်ခန့်အကြာ မြေကြီးမှ မြည်ဟီးတုန်လှုပ် ပြီးနောက် ဂက်စ်ပိုက်လမ်းကြောင်းတလျှောက် တောင်ကမ်းပါးပြိုကျမှု တိုက်အိမ် အချို့ အက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ စိုးရိမ်ထိပ်လန့်နေရကြောင်း ကိုယ် တိုင်ကြုံတွေ့ရသူများက ပြောသည်။ “မြေအောက်က ၀ုန်းခနဲ ၀ုန်းခနဲ အသံတွေထွက်လာပြီး ၊ အိမ်တခုလုံးလှုပ် သွားတယ်၊ ငလျင်လှုပ်တာနဲ့ မတူဘူး၊ ခါတိုင်းငလျင်လှုပ်တယ်ဆိုရင် ရေ လိုင်းပေါ်နေသလို ခံစားရတယ်၊ ဒီတစ်ခါလှုပ် တာတော့ မြေကြီး ထဲမှာ ဗုံးပေါက်သလိုပဲ၊ မြေကြီး ခဏတုန်လှုပ်ပြီး ချက်ချင်းရပ်သွားတာပဲ” - ဟု နမ့်ခမ်းမြို့ခံ စိုင်းပီးအွန်ကပြောသည်။ ရွှေ GAS ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်သာ မြေကြီး လှုပ်ခတ်မှုဖြစ်ပွားကြောင်း၊ GAS ပိုက် လိုင်း ထိန်းချုပ်စခန်းဖြစ်သော နမ့်ခမ်းမြို့နယ် ကောင်းကတ် ကျေးရွာတွင် ပို၍တုန်ခါကြောင်း ၊ GAS ပို့လွှတ် မှုကြောင့် သာဖြစ်ကြောင်း ကောင်းကတ်ကျေးရွာဒေသခံ လုံးစိုင်းအိုက်က သုံးသပ် ပြောဆိုသည်။ “ဂက်စ်လွှတ်တဲ့အခါတိုင်း အဲဒီလိုတုန်ခါမှုဖြစ်တယ်။ သူတို့ အမြဲတမ်းေ တာ့ ရေနံတွေ ဂက်စ်တွေ လွှတ်မထား ဘူး၊ အခုဂက်စ်တွေစလွှတ်တော့ ပိုက်လိုင်းတုန်ခါမှုကြောင့် မြေထဲမြှုပ်ထားတဲ့ ပိုက်တွေ ပြန်ပေါ် လာတယ်။ လူထုအသက်အိုးအိမ်အတွက် စိုးရိမ်ရတယ် ဒါကြောင့်ရေနံအနံ့ ဂက်စ်နံ့တွေ ရရင်၊ ဒါမှမဟုတ်ပိုက်လုံးတွေအက် နေတာ၊ ပိုက်လုံး တွေပေါ်မှာ ယိုစိမ့် မှုတွေတွေ့ ရရင် သက်ဆိုင်ရာကို အကြောင်းကြားရမှာ” - ဟု သျှမ်းပြည် သဘာဝ စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် စိုင်းခေးဆိုင်က ပြောသည်။ “၂၀၁၃ မေလပိုင်းတုန်းက ရွှေ GAS ပိုက်လိုင်း တာဝန်ရှိသူတွေက- GAS စ ပို့ရင် မြေကြီးလှုပ် ခတ်မယ်။ ပေါက် ကွဲသံလို ဖြစ်ပေါ် မယ်၊ဒါကိုကြောက်ရွံ့ ဖို့မလိုဘူးဆိုပြီး ရွှေ GAS နဲ့ သဘာဝ ဓါတ်ငွေ့ထိန်းချုပ်တဲ့စခန်းပတ်ဝန်း ကျင်က ရွာတွေကို လော်စပီကာနဲ့ကြေငြာထားသေးတယ်” ဟု လုံးစိုင်းအိုက်က ပြောသည်။ အဆိုပါဖြစ်စဉ်ကြောင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း ပိုက်လိုင်းဖြတ်သန်း ရာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်း မြို့ခံများက ပိုက်လိုင်းေ ပါက် ကွဲမည့် ဘေးအန္တရာယ်ကို အထူးစိုးရိမ်နေကြောင်း ကျားဖြူ ပါတီဝင်လူငယ် များကပြောသည်။ ရခိုင်ကမ်းလွန်ထွက် ရေနံနှင့် သဘဝ ဓါတ်ငွေ့များအား မြန်မာအစိုးရက တရုတ်နိုင်ငံသို့ နှစ် ၃၀ ပို့လွှတ်ရောင်း ချရန် သဘောတူလက်မှတ်ရေး ထိုးထား၏။ တရုတ်နိုင်ငံထံ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၂၉ ဘီလျှံ ထက်မနည်း မြန်မာအစိုးရ အသားတင် ရရှိမည်ဟုလည်း သိရပါသည်။




Inga kommentarer:

Skicka en kommentar