ကျွန်တော်၏ အမြင်တွင်တော့ ထူးဆန်းလှပါသည်
“အဓိက နိုင်ငံရေးပါတီကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင်၊ အဓိက လွှတ်တော် ကော်မတီ တစ်ခု၏ ဥက္ကဋ္ဌလည်း ဖြစ်ကာ၊ နိုင်ငံအောင်မြင်ရေး နှင့် အင်အားရှိရေး အတွက် သတ္တိရှိသော မျိုးချစ်ပုဂ္ဂိုလ် တစ်ဦးအဖြစ် ဆယ်စုနှစ်နှင့်ချီကာ အနစ်နာခံခဲ့သူလည်း ဖြစ်ပြီး၊ ပြည်သူ များကြားတွင်လည်း အလွန် လူကြိုက်များသော သူတစ်ဦးအား သမ္မတ အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခွင့်မှ ချန်လှပ်ထားမည်ဆိုသည့် ကိစ္စမှာ၊ မြန်မာနိုင်ငံအား ဒီမိုကရေစီ နိုင်ငံတစ်ခု အဖြစ်သို့ ရောက်ရှိစေချင်သော လေ့လာသူ တစ်ဦးဖြစ်သည့် ကျွန်တော်၏ အမြင်တွင်တော့ ထူးဆန်းလှပါသည်။”
“ပါတီများနှင့် ခေါင်းဆောင်များကို ပြည်သူများစိတ်ကြိုက်ရွေးချယ်နိုင်မည့် မျှတသော ယှဉ်ပြိုင်မှု မျိုးကို သူ့အနေဖြင့် လိုလားပြီး၊ အနိုင်ရသူက အောင်မြင် မှုဆွတ်ခူးနိုင်မည် ဖြစ်သလို၊ ရှုံးနိမ့်သူ ကလည်း သစ္စာရှိသော အတိုက်အခံ အဖြစ်ဖြင့် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုမှ ဆက်လက် ပါဝင်ကာ နောက်ထပ် ရွေးကောက်ပွဲတစ်ခုကို စောင့်မျှော်ကာ ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သူ (သူရဦးရွှေမန်း) က ပြောခဲ့သည်” ဟု မစ္စတာ Mitchell က ဖော်ပြထားသည်။
“အဲဒါဟာ အလွန် ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်ချက်ပါ၊ အလွန် ဒီမိုကရေစီဆန်တဲ့ ရပ်တည်ချက်ပါ။ အဲဒီ အမြင်အတွက် ကျွန်တော် သူ့ကို ချီးကျူးဂုဏ်ပြုပါတယ်” ဟု မစ္စတာ Mitchell က ဆိုသည်။
“အခြားသူများ အနေဖြင့် အဘယ်ကြောင့် ထိုကဲ့သို့ မရှုမြင်ကြသည်လဲ ဆိုသည် ကို လေ့လာသူ တစ်ယောက်ဖြစ်သော ကျွန်တော့်အနေဖြင့် အံ့သြမိပြန်ပါသည်” ဟု မစ္စတာ Mitchell က ဖော်ပြ ထားသည်။
-- Derek Mitchell --
အမေရိကန်သံအမတ်
Inga kommentarer:
Skicka en kommentar