စစ်တွေ၊ မင်ဂံတွင် နွားခိုးသူကိုဖမ်းမိရာ တပ်မတော်သားဖြစ်နေ
Share Arakan News
စစ်တွေမြို့ ကုလားရပ်ကွက်နှင့်ထိစပ်နေသော မင်းဂံရပ်ကွက်တွင်ယမန်နေ့က နွားခိုးသူတစ်ဦးကိုဖမ်းမိရာ ကင်းစောင့်နေသော တပ်မတော်သားတစ်ဦးဖြစ်နေပြီး ကုလားထံသို့ရောင်းချရန်ပြင်ဆင်နေကြောင်းသိရသည်။
အဆိုပါတပ်မတော်သားကို ရပ်ကွက်သူရပ်ကွက်သားများက ၄င်း၏ အရာရှိနှင့်အတူ စစ်ဆေးမေးမြန်းရာ ယခင် နွားတစ်ကောင်ကို ကုလားထံသို့ငွေ ခြောက်သောင်းကျပ်ဖြင့်ရောင်းချထားပြီး ယခုနွားကိုလည်းကုလားများထံသို့ပင်ရောင်းချရန်စီစဉ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။
ယင်းနွားသူခိုး၏အရာရှိက နွားပိုင်ရှင်အား နွားဖိုးငွေခြောက်သောင်းကျပ်ကို ကုလားထံမှပြန်ယူရန်ပေးပြီး ရွာသူရွာသားများအား သတင်းမပေါက်ကြားရန် တောင်းပန်ခဲ့ကြောင်းသိရသည်။
Rakhine News Group
Inga kommentarer:
Skicka en kommentar