“ဒီမိုကရေစီ ချက်ချင်းရတာနဲ့ နတ်ပြည်တက်လို့ မရသေးဘူး သူငယ်ချင်း” (သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း)

မြူနှင်း
“ဒီမိုကရေစီ ချက်ချင်းရတာနဲ့ နတ်ပြည်တက်လို့ မရသေးဘူး သူငယ်ချင်း” လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က သတင်းထောက်များကို ပြောကြားလိုက်ပါတယ်၊
ဟုတ်ကဲ့ပါ ဝန်ကြီးရှင့်
မြူနှင်းတို့အားလုံးမျှော်လင့်တောင့်တနေတာနတ်ပြည်မဟုတ်ပါဘူး၊
စစ်မှန်တဲ့ဒီမိုကရေစနစ်၊ ပြည်သူကရွေးချယ်ထားသော အစိုးရ၊ မိသားစုတိုင်း စိတ်ချမ်းသာစွာရပ်တည်နိုင်သော နိုင်ငံသားတိုင်းရဲ့ ပုံမှန်ဝင်ငွေ၊ နိုင်ငံတကာက ယုံကြည်စိတ်ချစွာ ရင်းနှီးမြုပ်နှံခြင်းရဲ့ အကျိုးဆက်ဖြစ်တဲ့ အလုပ် အကိုင် အခွင့်အလမ်း၊ တစ်နိုင်ငံလုံး စစ်မီးငြိမ်းချမ်းမှု့၊မြေယာသိမ်းမှု့တွေ ပြည်သူလက်မခံတဲ့စီမံကိန်းတွေ ရပ်ဆိုင်းဖို့နဲ့ လူအချင်းချင်းဖိနှိပ်ချုပ်ခြယ်ထားတဲ့ ဥပဒေတွေ ဖျက်သိမ်းဖို့ ဖြစ် ပါတယ်၊
ဝန်ကြီးအနေနဲ့ နတ်ပြည်တက်ဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း အစိုးရတစ်ဖွဲ့လုံးပါခေါ်ပြီး တစ်ခါတည်းနုတ်ထွက်ပေးလိုက်ပါ၊ မြူနှင်း တို့ဘာသာ ရင်ထဲမှာရှိတဲ့ မဲတစ်ပြားနဲ့ တိုင်းပြည်ကိုဖန်တီးခွင့်ပြုပေးတော့ရှင်----။။။
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar