အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 9 januari 2014

ဂရမ်မယူ မုန့်ဟင်းခါးမစား အဲဒါ အမေ့သား

ဂရမ်မယူ မုန့်ဟင်းခါးမစား အဲဒါ အမေ့သား


(ရေး-ဖိုးစည်- 8-1-2014)
==============

 ချင်းပြည်နယ် မှာ ဟောပြောပွဲ သွားနားထောင်ခွင့် ၀န်ထမ်းတွေကို ပိတ်တယ်ဆိုလို့ သတိရမိတာလေး တစ်ခုပြောချင်တယ် ။ ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ကျွန်တော်တို့မြို့ကို အန်တီ စည်းရုံးရေး အတွက် လာမယ်ဆိုတော့ ကြေညာစာရွက်တွေ လမ်းထောင့် တွေမှာ ကြိုကပ်ထားတာ ည ဆိုရင် ရယက အုပ်ချုပ်ရေးမှူးတွေနဲ့ အရန်မီးသတ်တွေက ခိုးချောင်ခိုးဝှက် နဲ့ လိုက်ခွာတာဗျ ။ ဒါပေမယ့် မရပါဘူး ။ အန်တီ လာမယ့် သတင်းတွေက ပျံ့နေပြီ ။ နောက် ဘယ်လို အကွက်ထပ်ရွေ့သလဲဆိုတော့ တချို့ရပ်ကွက်တွေမှာ မြေဂရမ် ကျပြီး ဂရမ်စာရွက် မရသေးတဲ့ မြေပိုင်ရှင်တွေကို အန်တီဟောပြောပွဲစမယ့် အချိန် ၈ နာရီ နဲ့ ကိုက်ပြီး လာယူခိုင်းတယ်ဗျ ။ အဲဒီ အချိန် လာမယူရင် နောင်မပေးတော့ဘူး ဆိုတဲ့ ပုံစံနဲ့ ။ နောက် ကြံ့ခိုင်ရေးအမတ် ဆရာဝန်မ တစ်ဦးက ဆင်းရဲသားရပ်ကွက်တွေမှာ မနက် ၈ နာရီက စပြီး မုန့်ဟင်းခါး အ၀ ကျွေးမယ် ။ ပြီးရင် ပိုက်ဆံ တစ်ထောင် ပါပေးအုံးမယ်လို့ ကြေညာတယ်ဗျ ။ ဒီလိုနဲ့ အန်တီ ဟောပြောပွဲလုပ်မယ့် နေ့လည်းရောက်ရော မနက် ၈ နာရီ ဆိုပေမယ့် လမ်းတစ်လျှောက်က မြို့တွေ ရွာတွေက အတင်းတားပြီး နှုတ်ဆက်နေလို့ ၁၀ နာရီကျော်မှ ဟောပြောမယ့် ကွင်းထဲရောက်တယ်ဗျ ။ တချို့တွေ ကလည်း အလကားရတဲ့ မုန့်ဟင်းခါး အ၀ကြိတ် ပေးတဲ့ ငွေ နဲ့ ဆိုက္ကားတွေ ဆိုင်ကယ်တက်စီတွေ တုတ်တုတ်တွေ ငှားပြီးလာကြတာ။ပြီးတော့ပြောလိုက်သေးတယ် ဒေါ်စု ဘယ်အချိန်ရောက်ရောက် အရေးမကြီးဘူး။ ဗိုက်ကားအောင်စားလာတယ် ။ ကြိုက်တဲ့ အချိန်လာ ငါတို့စောင့်မယ်တဲ့ ။ တချို့တွေကလည်း ဂရမ်မယူ မုန့်ဟင်းခါးမစား အဲဒါ အမေ့သား ဆိုတဲ့ ဆိုင်းဘုတ် တွေကိုင်ပြီးဝင်လာကြတယ်။ အပြင်က ဆိုင်ကယ်တက်စီတွေ တုတ်တုတ်တွေ ကားတွေ က ခွပ်ဒေါင်းအလံတွေ တပ်ပြီး ဟောပြောပွဲသွားမယ့်သူတွေကို အလကား ပို့ပေးတယ်။ အဲဒီသတင်းလည်းကြားရော ဆီဆိုင်ပိုင်ရှင်တွေက အဲဒီကားတွေ ဆိုင်ကယ်တွေ တုတ်တုတ်တွေကို ဆီအလကား ဖြည့်ပေးတယ်။ တက္ကသိုလ်ကျောင်းသားတွေနဲ့ GTC ကျောင်းသားတွေကို မဖြေမနေရ ဆိုပြီး စာမေးပွဲဖြေခိုင်းတာ။ ကျောင်းသားတွေကလည်း ကျောင်းထုတ်ခံရင် ခံရပစေ ဆိုပြီး ပိတ်ထားတဲ့ တံခါးတွေကိုကျော်ပြီး အန်တီ့ဟောပြောပွဲကို ရောက်အောင်လာကြတယ် ။ အန်တီလာမယ့်လမ်းမှာ လူဦးရေ သိန်းနဲ့ချီတယ် ။ ကားအစီးရေ ထောင်နဲ့ချီတယ် ။ ဆိုင်ကယ် က သောင်းနဲ့ချီတယ်။ တစ်ဦးနဲ့တစ်ဦး တွန်းမိ တိုက်မိရင်လည်း အားလုံးအေးဆေး ။ အကုန်လုံး မျက်နှာမှာ အပြုံးတွေနဲ့ ။ ကွင်းထဲမှာ မနက် ၄ နာရီလောက်တည်းက ကိုယ့်သဘောနဲ့ လာထိုင်နေတဲ့သူတွေကလည်း အန်တီ့ ကို ချစ်မြတ်နိုးရင် သိမ်မွေ့စွာ နေပေးကြပါလို့ တာဝန်ရှိသူတွေက မေတ္တာရပ်ခံထာတော့ အကုန်သံပြိုင် ကမ္ဘာမကျေ သီချင်းကို ညီညီညာညာ ဆိုပြီး အားလုံးအေးဆေး ။ အန်တီ ရောက်လာပြီး မိန့်ခွန်းပြောတော့ နောက်က မမြင်ရမှာစိုးလို့ ရှေ့ကလူတွေ ထိုင်ပေးပါ ဆိုတာနဲ့ အကုန်ထိုင် အန်တီ မိန့်ခွန်းပြောပြီး ပြန်သွားတော့ အားလုံး တညီတညာနဲ့ လိုက်ပါနှုတ်ဆက်ကြ နောက်ဆုံး ကျွန်တော်တို့ မြို့သူမြို့သားတွေ အန်တီ့ ကိုချစ်တဲ့စိတ်ကြောင့် စည်းရုံးရေးခရီး အောင်မြင်စွာ ပြီးဆုံး ။ အစိုးရ တာဝန်ရှိသူတွေနဲ့ ကြံ့ဖွတ် အမတ်တွေ အရှက်ကွဲပြီး ကျန်ခဲ့တာပဲ ။ အခုလည်း ချင်းပြည်နယ်သူ ပြည်နယ်သားတို့ ခင်ဗျားတို့ တာဝန်ကျေပါတယ် ။ အန်တီ့ လုံခြုံရေးကိုလည်း ဂရုစိုက်ပေးလိုက်ကြပါ ။




Inga kommentarer:

Skicka en kommentar