အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 4 januari 2014

ပါရမီတို့သောင်းကျန်းပုံကဒီလို....

ပါရမီတို့သောင်းကျန်းပုံကဒီလို....




Author Ko Zaw


မနက် စောစောစီးစီးဗျာ။ အနိဌာရုံကြုံရတယ်။ အခု မြင်နေရတဲ့ ၁၇၄ ဘတ်စ်ကို ကျနော် မြေနီကုန်းကနေ စီးလာခဲ့တာပါ။ မြေနီကုန်းကနေ တော်လှန်ရေးပန်းခြံလမ်းကို ကွေ့တဲ့ နေရာမှာ အရှိန်နဲ့ ကွေ့တယ်ဗျာ။ ပြီးတော့ တံခါးလည်း ပိတ်မထားဘူး။ ကားက စောင်းအသွားမှာ အဘိုးကြီး တစ်ယောက် ကားထဲကနေ လွှင့်ကျသွားတယ်။ ကားထဲက လူတွေလည်း အော်လိုက်ကြတာ ဗြောင်းဆန်နေတာပဲ။ အကျကလည်း တော်တော် ဆိုးပါတယ်။ ဒါပေမယ့် ခေါင်းနဲ့ မကျပဲ လက်တွေ ခြေတွေနဲ့ လှိ့်ကျသွားပြီး အနောက်ကလည်း ကားမပါလာလို့ ဒူးတွေ တံတောင်တွေ ပွန်းရုံက လွဲလို့ ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် အရှိန်နဲ့ ကျသွားတော့ ဒဏ်ရာတွေက သေးတော့ မသေးဘူး။ အခု လောလောဆယ် သွေးပူနေလို့သာ ဘာမှ မဖြစ်ဘူး ထင်ပေမယ့် အခုလို ဆောင်းတွင်းမှာ ဆိုတော့ အနာဒဏ်ရာကို တော်တော် ခံရမှာပါ။

ဒီ ၁၇၄ ဘတ်စ် ဆက်မောင်းလာရင်း တာမွေ ဗလီထိပ်ရောက်တော့ ၃၃၃ ကားနဲ့ ကားဂိတ်ကို အပြိုင်တိုးဝင်တယ်။ ကားက မြေနီကုန်းကနေ စမောင်းကတည်းက မတရားမောင်းလာခဲ့တာ။ အခု တာမွေဂိတ်ကိုလည်း အရှိန်နဲ့ တိုးဝင်တာပါပဲ။ ၃၃၃ က ဟိုဘက်က ကားလေးကို ရှောင်လိုက်တော့ ၁၇၄ ကို ဖင်နဲ့ ရိုက်သလို ဖြစ်တာမှာ ၁၇၄ က ဘရိတ်မနင်းပဲ ရှောင်လိုက်တာမှာ လမ်းဘေးမှာ ဆွမ်းခံကြွနေတဲ့ ဘုန်းကြီးတစ်ပါးကို ဝင်တိုက်ပါလေရော။ ဘုန်းကြီး လွှင့်ကို ထွက်သွားတာဗျာ။ ဆွမ်းတွေရော လူရော လမ်းပေါ်မှာ ပြန့်ကျဲလို့။ ဒါပေမယ့် ဘုန်းကြီးလည်း ကြီးကြီးမားမား ဘာမှ မဖြစ်ပါဘူး။

ဘုန်းကြီး ဘာဖြစ်လဲ ဘာလဲ ဆိုတာ တစ်စက်မှ လာမကြည့်ဘူးဗျာ။ ကားပေါ်က ဆင်းပြီး ၃၃၃ ကားသမားကို ဖင်နဲ့ ရိုက်ရမလား ဆိုပြီး သံတုတ်နဲ့ ဆင်းရိုက်ပါလေရော။

တစ်နေ့ တစ်နေ့ ယာဉ်မောင်းတွေ ဖြစ်ပျက်နေတာ မြင်ရ တွေ့ရ ကြုံရတာ တော်တော်ကို စိတ်မချမ်းသာ စရာပါ။ မီးပွိုင့်လည်း အတင်အချ လုပ်တာပဲ။ ယာဉ်မောင်းနေစဉ်မှာလည်း တံခါးဖွင့်တာပဲ။ လုပြီးလည်း မောင်းတာပဲ။

ယာဉ်းစီးသူတွေ ဆိုတာ အသက်ကို ဆပ်ပြာပူဖောင်းလေးထဲ ထည့်ထားရသလိုပါပဲလား။





Inga kommentarer:

Skicka en kommentar