ကာချုပ်ကို သန်းရွှေက အဆိပ်ခတ်လိုက်ပြီ

Hawdeka Khalaylay
(နေပြည်တော် အထူးသတင်း)
ပြီးခဲ့တဲ့ အပတ်က သစ္စာဂျာနယ်မှာ ကာချုပ်ရဲ့ မိန့်ခွန်း အပိုင်းအစတွေ ပါလာပါတယ် ၊ ကာချုပ်က အရင်တပ်ချုပ် သန်းရွှေ ရဲ့ အမိန့် နဲ့ ညွှန်ကြားချက်တွေ အတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့ပြောတာလေ ၊ အဲဒီမိန့်ခွန်းက လွန်ခဲ့တဲ့ တစ်လခွဲ နှစ်လလောက်တုန်းက ကာချုပ် ကလောမှာ ပြောခဲ့တဲ့ မိန့်ခွန်းလို့သိရပါတယ် ၊ အခု အဲဒီမိန့်ခွန်း ဘယ်ကပေါက်ကြားလာသလဲလို့ စစ်ထောက်လှမ်းရေးတွေ ဂျာနယ်တိုက်ကို မေးမြန်းနေကြတယ်လို့သိရပါတယ် ၊ ကဲ စဉ်းစားကြည့်ကြရအောင်နော် ၊ မျက်စိလည်မသွားကြနဲ့အုံး ၊ ပြီးခဲ့တဲ့ ၂ လ လောက်က ကာချုပ်ပြောခဲ့တဲ့ မိန့်ခွန်းက တောက်လျှောက် သိုသိပ်နိုင်ခဲ့ပြီးမှ ခုမှ ဘာလို့ အချိန်ကိုက်ထွက်လာရတာလဲ ၊ သန်းရွှေ ကိုယ်တိုင် ဒီ မိန့်ခွန်းကို ပေါက်ကြားစေခဲ့လို့ ပဲ ဗျ ၊ သန်းရွှေက ပြုစားကုစားလုပ်လိုက်တာလေ ၊ သန်းရွှေကိုယ်တိုင် ဒီမိန့်ခွန်းကို အပြင်ကို တိတ်တိတ်ထုတ်လိုက်ပြီး ခုမှ ဘယ်ကထွက်လာသလဲ ဆိုပြီး စစ်ထောက်လှမ်းရေးတွေ သုံးပြီး ပြန်ရှာနေတာလေ ၊ ဒီသတင်းထွက်လာပြီး နောက်ပိုင်းမှာ ကာချုပ်က အဝေဖန်ခံရတာပေါ့ ၊ ကောင်းကောင်းကြီး အတွယ်ခံရတာပေါ့ ၊ ဒီပုံစံ နဲ့ ၂၀၁၅ မှာ ကာချုပ် သမ္မတ ဖြစ်နိုင်တယ် ဆိုတာလည်း ဇာတ်သိမ်းသွားပြီလေ ၊ ဘယ်လောက်တော်လိုက်တဲ့ သန်းရွှေလဲ ၊ တစ်ချက်ခုတ် သုံးချက်ပြတ် ပဲ ၊ ကာချုပ်ကို သန်းရွှေ လက်နဲ့ ရှင်းစရာမလိုတော့ဘူးလေ ၊ ဒီပုံစံ အတိုင်းဆို ကာချုပ်က ၂၀၁၅ အထိတောင် ခံပါ့မလားမသိဘူး ၊ အဲဒါပြောတာပေါ့ ၊ သန်းရွှေကို လျှော့မတွက်ပါနဲ့လို့ ၊ ကဲ ကြည့် ပြောရင်းဆိုရင်း နဲ့ ကာချုပ်ကို သန်းရွှေ က အဆိပ်ခတ်လိုက်ပြီ ၊
(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့သော အထူးသတင်းဖြစ်သည်)
Inga kommentarer:
Skicka en kommentar