အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 9 januari 2014

တန်ရာတန်ရာ ပြောပါစေ”

တန်ရာတန်ရာ ပြောပါစေ”


Nanda Tintswe
 ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲမှာ ဝန်ကြီး ဗိုလ်အောင်မင်းက သူတို့လုပ်နေတဲ့“ငြိမ်းချမ်းရေး”ဟာ ပင်လုံညီလာခံထက် ကျယ်ပြန့်တယ်လို့ ပြောသွားတာ ကြားလိုက်ကြမယ် ထင်ပါတယ်။ သူ့စကားလုံး အတိအကျက “ကျွန်တော်တို့ ဒါလုပ်တာ ပင်လုံထက် ကျယ်ပြန့်တယ်”တဲ့။ ရာရာစစ။ သူအကြောင်းပြတာက ပင်လုံညီလာခံတုန်းက တိုင်းရင်းသား ၄ မျိုးသာ ပါဝင်ပြီး အခုသူတို့ MPC က လုပ်နေတဲ့ လုပ်ငန်းမှာတော့ တိုင်းရင်းသား အများကြီးပါတယ်လို့ ဖြစ်ပါတယ်။ အရေအတွက်စကား ပြောလှပါကလား။ ဗမာပြည်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အကြံပေးထားတာ စာပေါင်း ၃ သိန်းကျော် ရှိတယ်... ။ ခြောက်စားကနေ ဟောက်စားကိုပြောင်းလဲထားတဲ့ ကာလပေကိုး။ အရေအတွက် ပြောကြမှာလား၊ အရည်အချင်း ပြောကြမှာလား။ ပင်လုံတုန်းက အချိန်အခါက တောင်းဆိုနေတဲ့၊ တနည်း-ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေး ကိစ္စသက်သက်ကိုပဲ ဆွေးနွေးကြတယ်။ အခု သူတို့လုပ်နေတာက အချိန်အခါက တောင်းဆိုနေတဲ့ နိုင်ငံရေးကို တမင်ရှောင်လွှဲနေတာ။ ပင်လုံတုန်းက ရည်ရွယ်ချက်ဟာ တတိုင်းတပြည်လုံး ဗြိတိသျှလက်အောက်က လွတ်မြောက်ဖို့ ဖြစ်တယ်။ အခု အရပ်သားတပိုင်း စစ်အစိုးရ လုပ်နေတာက တတိုင်းတပြည်လုံးကို စစ်အာဏာရှင်လက်အောက်မှာ ရေရှည်ချုပ်ကိုင်ထားရေးအတွက် ဖြစ်တယ်။ ပင်လုံ ကျင်းပနေတုန်းက ဗြိတိသျှအစိုးရက အသာလက်ရှောင်နေတယ်။ အခုသူတို့က“ငြိမ်းချမ်းရေး”အတွက်ဆွေး နွေးနေတဲ့ကာလမှာ သေနတ်သံတွေမှ တဒိုင်းဒိုင်း၊ ထိုးစစ်တွေက တဖြိုင်းဖြိုင်း။ ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေဘက်က ပြည်ထောင်စုကြီးအပေါ် သစ္စာရှိမယ်ဆိုတာကလွဲရင် ဘာမှ မပေးကြရဘူးဆိုတာ မေ့သွားပြီလား။ အခုတော့ စစ်တပ်တွေ ဖျက်ပေးရမယ်၊ လက်နက်တွေ ထိုးပေးရမယ်၊ ကိုယ့်နယ်ထဲက သယံဇာတတွေကို စစ်ခရိုနီတွေလက် ထိုးပေးကြရမယ်၊ ကိုယ့်ဂုဏ်သိက္ခာတွေ လျှောချပေးကြရမယ်။ တန်သလား။ ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေအနေနဲ့ ပြည်နယ်တွေ ရခဲ့ကြတယ် (ပြည့်စုံ/မပြည့်စုံဆိုတာက တပိုင်း)။ အခု ဗိုလ် အောင်မင်းတို့ပေးတာက ကားပါမစ်။ တန်သလား။ ပင်လုံကာလတုန်းက တတိုင်းတပြည်လုံးဟာ လွတ်လပ်ရေးအတွက်ဆိုရင် သွေးစည်းညီညွတ်ကြတယ်။ အခုတော့ အိုအက်စ်အိုင်၊ အင်န်အီးဒီ၊ စတဲ့ အင်န်ဂျီအို တွေကြောင့် နိုင်ငံရေးအင်အားစုတွေဟာ အရောင်အသွေးတွေ အမျိုးမျိုး ဖြစ်နေကြတယ်။ ပင်လုံတုန်းကနဲ့ တူတာ တခုပဲ ရှိတယ်။ အဲဒါ “ပြည်သူလူထုကို ညာလို့မရဘူး”။ ။ (မိတ်ဆွေတဦး ဗကပ ဝဘ်ဆိုက်ပေါ် ကွန်မန့်တင် ရေးသားပေးပို့လာကို ဆက်လက်မျှဝေတာပါ။)

ဒီမို ဖက်တီး

ဗိုလ်ချုပ်က ပင်လုံစာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေကို ဘာပါမစ်တွေများ ချပေးခဲ့ပါသလဲ ဆိုတာကို အောင်မင်းနဲ့ အဖွဲ့ကို မေးကြည့်ပေးပါ 

Inga kommentarer:

Skicka en kommentar