အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 1 januari 2014

ဒေါ်အောင်ဆန်းစုကြည်ကို လော်ဘီ လုပ်စရာအကြောင်းကို မရှိဘူး

ဒေါ်အောင်ဆန်းစုကြည်ကို လော်ဘီ လုပ်စရာအကြောင်းကို မရှိဘူး




Coko Dmoe

ဒေါ်အောင်ဆန်းစုကြည်ကို လော်ဘီ လုပ်စရာအကြောင်းကို မရှိဘူး…။ ဒေါ်အောင်ဆန်းစုကြည် ဟာ ကျုပ်တို့ ခင်ဗျားတို့ လောဘီလုပ်ပေးရလောက်အောင် သိမ်ငယ်နေတဲ့ ဖွတ်ပွဲစား ငတက်ပြားတွေလို မဟုတ်ဘူး…။ သူ့ဂုဏ် နဲ့ သူ့အရှိန်အ၀ါ နဲ့ သူရှိပြီးသား….၊ ထည်ဝါပြီးသား…။ သူ့နိုင်ငံ သူ့လူမျိုးတွေအတွက် သူ့ရဲ့အနစ်နာခံမှု..၊ သူ့ရဲ့ပေးဆပ်မှု တိုင်းသိပြည်သိ ကမ္ဘာသိ ကမ္ဗည်းတင်ထားပြီးသား….။ နှလုံးသားထဲက စကားတစ်ခွန်းပဲပြောမယ်…။သူ့ထက် ယုံကြည်ရတဲ့သူတောင် သူ့လောက်မယုံကြည်ရဘူး…။ စိတ်မချရဘူး…။ ရွေးချယ်စရာ ရှိခဲ့ရင်လည်း သူ့ထက်ပိုကောင်းတဲ့သူ မရှိဘူး…။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားခဲ့ရင် ပြီးပြည့်စုံလိမ့်မယ်..လို့ ခင်ဗျားတို့ထင်သလား…? စမ်းကြည့်လိုက်လေ…၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဒေါ်အောင်ဆန်းစုကြည် မပါရင် ရလာမယ့် အကျိုးရလာဒ်ဟာ အကောင်းမဖြစ်နိုင်ဘူး….။

ခင်ဗျားတို့သာ ခင်ဗျားတို့လူတွေကို လော်ဘီ လုပ်ပေးကြပါ…။ ခင်ဗျားတို့ လော်ဘီလုပ်ပေးမှ ခင်ဗျားတို့လူတွေက ဖြစ်မယ့်အခြေအနေမို့ပါ….။ ပုံရိပ်မှ မကောင်းခဲ့တာ…၊ လော်ဘီလုပ်ပေးမှ ရမှာပေါ့…။ မှတ်ထား…. မူရင်း မကောင်းရင် မိတ္တူ မကောင်းနိုင်ဘူး….။

Ko Nay Myo




Inga kommentarer:

Skicka en kommentar