ကော့သောင်းမြို့
ဘုရင့်နောင်ရပ်ကွက် ကျောက်ဖျာလမ်းတွင် ယမန်နေ့ညနေ(33း0)မီနစ်တွင်
ဆိုင်ကယ် လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
ဖြစ်စဉ်မှာ ကော့သောင်းမြို့ အဏ၀ါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့
တွင်ဆိုင်ကယ်ကယ်ရီမောင်း စားနေသော ကိုအရှည်ကြီးဆိုသူထံသို့လူတစ်ယောက်
ရုပ်ရည်သန့်သန့် ရခိုင်လူမျိုးတစ်ဦး ရောက်ရှိလာပြီး
ကျွန်တော်ဆိုင်ကယ်ပါကင်တစ်စီး လောက်လိုချင်တယ် ခင်ဗျားသိနိုင်မလားလို့မေးရာ
ကိုအရှည်ကြီးက တစ်ဆင့် စကားနဲ့ ဘုရင့်နောင်ရပ်ကွက် ကျောက်ဖျာလမ်း
အများအခေါ်(သုံးထပ်အိမ်)တွင်နေထိုင်သော ကိုထွန်းဇော်ဦး
ဆိုင်ကယ်ရောင်းနေကြောင်းကြားသိရသဖြင့် အရောင်း/အ၀ယ်ဖြစ်ရင်လည်း သူ့အတွက်
ဘတ်တစ်ရာကျန်ကျန် နှစ်ရာကျန်ကျန် မဆိုးဘူးဆိုပြီး ခေါ်လာခဲ့တယ်
။ထိုမှတစ်ဆင့် ထိုသူရောက်ရှိသည့် မနက်ပိုင်းတွင် ဆိုင်ကယ်မှာ
နောက်ဘီးပေါက်နေသည့်အတွက် ထိုသူမှ ဆိုင်ကယ်ကိုကြည့်ရှုရုံ ဘီးဖာရုံသာ ဖာပြီး
ကိုထွန်းဇော်ဦး၏အဆိုအရ ထိုသူမှ ဓါတ်ဆီမရှိသဖြင့် သူ့၏ပိုက်ဆံဖြင့်
ဓါတ်ဆီနှစ်ထောင်ဖိုးရင်းခဲ့ပြီး ကျွန်တော်ညနေမှပြန်လာမယ်
ဟုပြောဆိုကာထွက်သွားခဲ့ပြီး ညနေသုံးနာရီကျော်ကျော်တွင်
ကျောက်ဖျာလမ်းနေအိမ်သို့တစ်ခေါက်ပြန်ရောက်လာပြီးဆိုင်ကယ်
တစ်ချက်ကြည့်အုံးမည်ဟုဆိုကာ ဆိုင်ကယ်ကို အိမ်ထဲမှ အိမ်ပြင်သို့
ယူထုတ်ပေးလိုက်ရာ စက်နိုးကြည့် မည်ဆိုပြီး အများရှေ့တွင်
ဒရကြမ်းမောင်းနှင်ထွက်ပြေးသွားရာ လိုက်လံစုံစမ်းသော်လည်းယခုထိစုံစမ်း
လို့မရသေးကြောင်းကြားသိရပါသည်၊ဆိုင်ကယ်မှာ 2013
ဒရင်းဝေ့အိုက်ဝမ်းတူးဖိုက်ဖြစ်ပါကြောင်း၊ ကိုထွန်းဇော်ဦးနှင့်
သူ့အစ်ကိုဆိုသူ လူကြီးမင်းဖုန်းဆိုင်မှလူနှင့်ယမန်နေ့ညခြောက်နာရီလောက်တွင်
မြိတ်သို့ ထိုသူသွားနိုင်သည်အထင်ဖြင့် လိုက်လံစုံစမ်းနေကြောင်းကြားသိရပါသည်၊
မြန်မာပြည်တွင် ထိုသို့သော ပြစ်မှုများ မကြာမကြာဖြစ်ပွားနေကြောင်းကြားသိရပါသည်၊
မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar