အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 24 december 2013

ဒေါ်ခင်မေသန်း ဟာ ဘ၀မေ့သူပါ

ဒေါ်ခင်မေသန်း ဟာ ဘ၀မေ့သူပါ

ဒေါ်ခင်မေသန်း က ဦးနေ၀င်းနဲ့ ဇာတ်လမ်းရှုပ်နေတဲ့အချိန်မှာ ဦးနေ၀င်းကို ဒေါ်ခင်မေသန်းက လာပြီး (ခေတ်စကားနဲ့ ပြော၇င်တော့) အီစီကီလီ လာလုပ်၇င် ဦးနေ၀င်း ရဲ့ လုံခြုံရေးမှုး ဗိုလ်မှုးကြီးတင်အုန်း (နောင် ထောင်ပိုင်ချုပ် ဖြစ်လာသူ) ဆီကနေ ဦးနေ၀င်းကို တွေ့ ခွင့်ရမှ တွေ့ ရတာပါ။

ဗိုလ်မှုးကြီးတင်အုန်းက တွေ့ ခွင့်မပေးရင် လုံးဝ မတွေ့ ရပါ။ ဒါကြောင့် ဒေါ်ခင်မေသန်းက ဗိုလ်မူးကြီးတင်အုန်းကို မျက်နှာချိုသွေး ဆက်ဆံ၇ပါတယ်။

ထို့ နောက် ဦးနေ၀င်းနဲ့ လက်ထပ်ပြီးနောက် တပ်မတော်ညစာစားပွဲမှာ ဒေါ်ခင်မေသန်းက အရင်က သူ အမြဲတမ်း အောက်ကြို့ပြီး ဆက်ဆံခဲ့ရတဲ့ သူ့ထက် အသက်ကြီးတဲ့ ဗိုလ်မှုးကြီးတင်အုန်း ကို "မောင်တင်အုန်း၊ နေကောင်းလား" လို့ နူတ်ဆက်သယောင်နဲ့  ပညာပြပါတယ်။

ဒီတော့ ဗိုလ်မှုးကြီးတင်အုန်း ကလဲ "အခုမှ ဇီးသီးသည် နဲ့ လာတွေ့ နေတယ်" လို့ ဒေါ်ခင်မေသန်းကို လူကြားထဲမှာ ပြန်ပြောလိုက်ပါတယ်။

ဒါကို ဒေါ်ခင်မေသန်းက ဦးနေ၀င်းကို သွားပြန်တိုင်တော့ ဦးနေ၀င်းက "နင့်ကို ပါးမရိုက်လိုက်တာ ကံကောင်း" လို့ ပြောပါတယ်။

ဒေါ်ခင်မေသန်း ဟာ အဲဒီလို ဘ၀မေ့သူပါ။

nyopyar88888

                                                                    မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar