ပေါ်ဦး ရွှေရတနာဆိုင်မှ ရွှေထည်ပစ္စည်းများ ဖောက်ထွန်းခိုးယူသူအား ဖော်ထုတ်ဖမ်းဆီး

ဒီဇင်ဘာ ၆
မုံရွာမြို့ ၊ အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးတွင် ဖွင့်လှစ်ထားသည့် ပေါ်ဦး ရွှေရတနာ အရောင်းဆိုင်မှ ရွှေထည် ပစ္စည်း ကျပ်သိန်းပေါင်း (၄၉၈)သိန်းဖိုးခန့် ဖောက်ထွန်းခိုးယူသူအား မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့တို့မှ ရက် ပေါင်း ၃၀ အတွင်း ပူးပေါင်းဖော်ထုတ်လိုက်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ထုတ်ဖော်ပြောကြား လိုက်သည်။
အဆိုပါ ရွှေရတနာဆိုင် ဖောက်ထွန်းခိုးယူခဲ့သူမှာ ပုလဲမြို့နယ်၊ ပုလဲ - ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် ၅၇ မိုင်ရှိ သစ်ထုတ် ရေး စခန်း ကျေးရွာနေ ကိုဇော်မင်း အသက်( ၃၁) နှစ်၊ ဖခင်အမည် ဦးချစ်ဆွေ ဆိုသူဖြစ်ကြောင်း ရဲမှူး ကြူအင်းမှ ဆက်လက်၍ ပြောသည်။
လွန်ခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ ညက မုံရွာမြို့တွင် မိုးရွာသွန်းမှု ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် ထိုသူမှ ဆိုင်ကယ် တစ်စီးဖြင့် ဖောက်ထွန်းခိုးယူရန် ချောင်းမြောင်းကြည့်ရှု့ခဲ့ပြီးနောက် ထိုနေ့ည တစ်နာရီအချိန်ခန့်က ပေါ်ဦး ရွှေရတနာ အ ရောင်းဆိုင်ကြီးအား ဖောက်ထွန်းဝင်ရောက်၍ ရွှေထဘ်ပစ္စည်းများအား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးပေါ် ပေါက်ချက်များအရ သိရသည်။
ထို့ကြောင့် ပေါ်ဦး ရွှေရတနာ အရောင်းဆိုင်ပိုင်ရှင် ဦးသန်းဝေ ဆိုသူမှ မုံရွာမြို့မ ရဲစခန်းသို့ သွားရောက်၍ အမှုဖွင့်တိုင်တန်း ခဲ့ရာ ရဲစခန်းက (ပ) ၅၄၄/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုအား လက်ခံရေးဖွင့်ခဲ့ပြီး မန္တလေးတိုင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြား၍ ပူးပေါင်းဆောင်ရွက် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့် မှ ဆို သည်။
အဆိုပါ ရွှေရတနာ အရောင်းဆိုင်ကြီးသည် စီစီတိဗီ လုံခြုံရေး ကင်မရာများ တပ်ဆင်ထာေးသ်ာလည်း ထို့နေ့ညက စက်ဖွင့် ထားခြင်းမရှိခဲ့သည့်အတွက် ခိုးယူသူနှင့်ပတ်သက်၍ မှတ်တမ်းများကျန်ရှိနေခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ ၀င်များသည် ပစ္စည်းလမ်းကြောင်း၊ လူလမ်းကြောင်းများ ရှိသည့်အနက် ပစ္စည်းလမ်းကြောင်းမှနေ၍ ထိုအမှုအား ဖော်ထုတ်ခဲ့ ခြင်းဖြစ်ကြောင်း နယ်ထိန်းခေါင်းဆောင် ရဲအုပ် ခင်ဇော်လတ်မှ ပြောသည်။
ယနေ့မနက် ၁၀ နာရီအချိန်ခန့်တွင် ၎င်းရွှေရတနာအရောင်းဆိုင်ကြီးအား ၀င်ရောက်ခိုးယူခဲ့ပုံများကို ရဲတပ်ဖွဲ့မှ ပြန်မှတ်တမ်းတင်ရယူခဲ့ကြောင်း သိရသည်။

Ref & Credit : ကိုတိုး ချင်းတွင်း
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar