ယင်လတ် အတွင်းခံဘောင်းဘီ လျှော် ခဲ့ရင်တောင်
ဖေဖော်ဝါရီ ၂ရက် ရွေးကောက်ပွဲကျင်းပမည်..(ထိုင်းဘုရင်)

ငရဲ သား
ထိုင်းမှာ ထူထုအုံကြွမှုကြောင့် ယင်လတ် အစိုးရအဖွဲ့ နှုတ်ထွက်သွားတာကို သင်ခန်းစာ တစ်ခု အကြီးအကျယ် ရလိုက်တာက ဘယ်လောက်ပဲ လူထု အားနဲ့ တော်လှန် တော်လှန် .... ဘယ်လောက်ပဲ လူထု အားနဲ့ ဆန္ဒ ပြပြ ပြည်သူကို သွေးထွက်သံယို မဖြစ်စေလိုတဲ့ စေတနာ၊ မိမိ ရှုံးနိမ့်ခြင်းကို ကျေနပ်စွာ လက်ခံနိုင်တဲ့ အရည်အချင်း အပါအ၀င် လူ့ အသိ လူ့ဆင်ခြင်တုံးတရား လူ့ ဦးနှောက် ရှိတဲ့ နိုင်ငံခေါင်းဆောင်တွေကြောင့်သာ သွေးထွက်သံယို မှုတွေ ဖြစ်ပွားခြင်းမရှိပဲ နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်တယ်ဆိုတာပါပဲ။. ခေါင်းမရှိတဲ့ကောင်တွေ အုပ်ချုပ်နေရင်တော့ ... ဘယ်လောက် ဆန္ဒ ပြပြ ဘယ်လောက် လူထု အုံကြွ အုံကြွ အင်အားသုံး နှိမ်နင်းခြင်း လမ်းကို ရွေး မယ်ဆိုတာပါပဲ ...။ = = = = သက်ဆိုင်သူတွေကိုပြောချင်တာက .. ခင်ဗျားတို့တတွေ ဘဘရွှေ မိသားစုရဲ့ အတွင်းခံ ဘောင်းဘီတွေ လျှော်ခဲ့ရမယ့်အစား ယင်လတ် အတွင်းခံဘောင်းဘီ လျှော် ခဲ့ရင်တောင် ...။ ခင်ဗျားတို့ အရည်အချင်း ပိုရှိလာဦးမယ် လို့ ... သုံးသပ်မိကြောင်းပါ ...။

ထိုင်းအစိုးရက ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်ပေးမယ်လို့ ကြေညာပေမယ့် ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့တော်က လမ်းမကြီးတွေမှာ သိန်းချီပြီး ဆက်လက် ဆန္ဒပြနေကြပြီး ညနေပိုင်းမှာတော့ ဆန္ဒပြသူတွေက အစိုးရသစ်တစ်ရပ် ဖွဲ့စည်းမယ်လို့ ကြေညာလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်က ထိုင်း လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း ရုပ်မြင်သံကြားကနေ ကြေညာသွားရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ကို ဖျက်သိမ်းလိုက်တာ ဖြစ် တယ်၊ ပြည်သူတွေ ရွေးချယ် ဆုံးဖြတ်နိုင်အောင် ပြည်သူကို အာဏာ ပြန်အပ် လိုက်တာ ဖြစ်တယ်၊ ရွေးကောက်ပွဲ ပြီးတဲ့အထိ လက်ရှိ အစိုးရအနေနဲ့ အိမ်စောင့်အစိုးရ အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ရွေးကောက်ပွဲကို အမြန်ဆုံး ပြုလုပ်ပေးမယ်လို့ ကြေညာသွားပါတယ်။
လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲကို ၄၅ ရက်ထက် မစောဘဲ ရက် ၆ဝ ထက် မကျော်တဲ့ ရက်အတွင်းမှာ ပြုလုပ်ရမယ် ဆိုတဲ့အတွက် ဖြစ်နိုင်ခြေရက်က လာမယ့်နှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့လို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။
အစိုးရကို ဆန့်ကျင်တဲ့သူတွေက အောင်ပွဲခံတဲ့အနေနဲ့ လမ်းမတွေပေါ်မှာ တနေကုန် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ နေ့လည်ပိုင်းမှာ ဝန်ကြီးချုပ်ရုံး ပတ်ပတ်လည်မှာ သိန်းနဲ့ချီပြီး စုရုံး ဆန္ဒပြကြပါတယ်။
ညဦးပိုင်းမှာတော့ ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင် စူထေ့ပ် ထူယက် စူဘမ်းက စင်ပြိုင် အစိုးရသစ်တရပ် ဖွဲ့စည်းမယ့်အကြောင်း ကြေညာလိုက်ပါတယ်။ ဘယ်လို ဖွဲ့စည်းမလဲ ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း ပြောဆိုသွားချင်းတော့ မရှိပါဘူး။ ဆန္ဒပြပွဲကိုလည်း ရပ်ဆိုင်းမယ့် အနေအထား မရှိသေးပါဘူး။
ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်အစိုးရက နိုင်ငံရေးတင်းမာမှုတွေကနေ သွေးထွက်သံယို ဖြစ်မှာကို ရှောင်လွဲနိုင်ဖို့ လွှတ်တော် ဖျက်သိမ်းခဲ့ပေမယ့် လက်ရှိ နိုင်ငံရေး မကျေနပ်ချက်တွေ ကိုတော့ ဖြေရှင်းနိုင်ခြင်းမရှိဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လိုနေတယ်လို့ မဟိဒွန် တက္ကသိုလ် ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေး သုတေသနမှူး ကိုထုန်းအလီယားက ထောက်ပြပါတယ်။ လက်ရှိအနေအထားရ ရွေးကောက်ပွဲမှာ လက်ရှိ အစိုးရပါတီဖြစ်တဲ့ ဖုယာထိုင်း ပါတီကပဲ အမတ်အများစု အနိုင်ရဖို့ရှိပါတယ်။ နိုင်ငံရေးပြဿနာတွေကို မရှင်းဘူး ဆိုရင်တော့ ဆန္ဒပြပွဲတွေက နောက်ထပ်ပေါ်လာဦးမှာ ဖြစ်ပါတယ်။

Inga kommentarer:
Skicka en kommentar