အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 25 december 2013

မလေးရှားနိုင်ငံ ဆာဘား ဆာရာဝပ် ပြည်နယ်ရှိ သဘောင်္ကျင်း စက်ရုံတစ်ခုတွင် မြန်မာ ၉၇ ဦး အသက် အန္တရာယ်စိုးရိမ်

မလေးရှားနိုင်ငံ ဆာဘား ဆာရာဝပ် ပြည်နယ်ရှိ သဘောင်္ကျင်း စက်ရုံတစ်ခုတွင် မြန်မာ ၉၇ ဦး အသက် အန္တရာယ်စိုးရိမ် ရင်ဆိုင်နေရ

                              (နောက်ဆုံးရ မလေးရှား သတင်း)

(သတင်း အချက်အလက်များ မှန်ကန် ပြည့်စုံရေး အတွက် ကျွန်တော် ကိုယ်တိုင်
ဆက်သွယ် မေးမြန်းထားပါသည်။)

မလေးရှားနိုင်ငံ SABAH,SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်ရှိ
Shin Yang Shipyard SDN. BHD သဘောင်္ကျင်း စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော
မြန်မာ အလုပ်သမား ၂ ဦးသည် အင်ဒိုနီးရှား ၂ ဦးနှင့် ရန်စကားများရာကနေ
ပြသာနာ စတင်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

" ပြသာနာစဖြစ်တာက ၂၃ ရက် တနင်္လာနေ့မှာပါ။ အဲဒီနေ့က ကျွန်တော်တို့ အိုတီ ဆင်းနေပါတယ်။
တစ်ချို့တစ်ဝက်က အခန်းမှာပါ။ အခန်းမှာကျန်တဲ့ မြန်မာ ၂ ယောက်က စားသောက်ဖို့အတွက် ဆိုင်မှာ
ပစ္စည်းတွေ သွားဝယ်တဲ့အခါ အင်ဒိုနီရှား လူမျိုး ၂ယောက်နဲ့ ရန်စထိုးကြိတ်ပြီး ပြသာနာဖြစ်ခဲ့ပါတယ်။

သူတို့နဲ့ ပြသာနာ ဖြစ်ခဲ့ပြီး မြန်မာတွေက အဆောင်ကို ပြန်လာတဲ့ အချိန်မှာ အင်ဒို ၃ ယောက်က
ထပ်လိုက်လာပြီး အဆောင်ကို ခဲတွေနဲ့ ပေါက်တယ်။ ဒါနဲ့ ကျွန်တော်တို့ မြန်မာထဲက အစ်ကိုတစ်ယောက်က
ပြသာနာ မဖြစ်အောင် ပြောပေမယ့် သူတို့ လက်မခံဘူး ... ထပ်ပြီး စကားများကြတယ်။

အင်ဒို ၃ ယောက် ပြန်သွားတော့ နောက်ထပ် အင်ဒိုနီရှား လူမျိုးတွေ အများကြီး
ကျွန်တော်အထင် ၅၀၀ ကျော်မယ်ဗျာ ကျွန်တော်တို့ နေတဲ့ဖက်မှာက သူတို့လူမျိုးတွေများတယ်။
အုပ်စုလိုက် ရောက်ချလာတယ်။ သူတို့လက်ထဲ တုတ်တွေ ဓားတွေ ၊ ခဲတွေ စတဲ့ လက်နက်အပြည်ပါပဲ ....

ကျွန်တော်တို့လည်း အဆောင်က ထွက်ပြေးခဲ့ရတယ်။ အဆောင်က ကျွန်တော်တို့ ပစ္စည်းတွေ
အားလုံး ရိုက်ခွဲပြီး မီးရှုံ့ခံရတယ်။ ကျွန်တော်တို့နေတဲ့ နေရာအနားက တောထဲ ဝင်ပြေးပြီး
ပုန်းနေရတယ်။ အခု သူတို့ အင်ဒိုနီးရှား လူမျိုးတွေ ကျွန်တော်တို့ နေတဲ့ အဆောင်ရှေ့မှာ အုပ်စုလိုက်
လက်နက်အပြည့်နဲ့ ထိုင်စောင့်ကြတယ်။ ဘယ်သူမှ မထွက်ရဲဘူး
ထွက်တဲ့လူကို သတ်ဖို့ သူတို့စောင့်နေကြတယ်။

အခုလက်ရှိ ကျွန်တော်တို့ အဆောင်နဲ့ နည်းနည်းဝေးတဲ့ ဝပ်ရှော့ထဲမှာ တောင်းပန်ပြီး နေနေရပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့ အေးဂျင့် မလေးနိုင်ငံသားကို ကျွန်တော်တို့ မြန်မာပြည်ကို ပြန်မယ်။
ဆက်မလုပ်နိုင်ဘူး ငါတို့ကို အင်ဒိုနီးရှားတွေက လိုက်သတ်နေတယ်လို့ ပြောပြတော့ ပြောတဲ့မြန်မာတွေကို
ထိုးလားကြိတ်လား လုပ်သေးတယ်။

ဒါနဲ့ မြန်မာပြည်က အေးဂျင့်ကို ဖုန်းဆက်ပြီး ပြောတော့ သူဘာမှ တာဝန်မယူနိုင်ဘူးလို့
လက်လွတ်စပယ် ပြောလိုက်တယ်။ အခုလက်ရှိ ဒီမှာ ပိတ်မိနေတယ်။ အခု မလေးရှားက ပရဟိတ
အဖွဲ့တွေနဲ့ မြန်မာသံရုံးက အလုပ်သမားရေး အရာရှိတွေကို ဖုန်းဆက်ပြီး ပြောပြထားတယ်။
ကူညီပေးမယ်လို့တော့ ပြောတယ်။

လက်ရှိ ကျွန်တော်တို့ဆီက လူတွေ တစ်ယောက်မှ အပြင်ထွက်လို့ မရဘူး ။
ကျွန်တော်တို့ဆီကိုလည်း ဘယ်သူမှ ဝင်လာပြီး ကူညီလို့ မရဘူး ဖြစ်နေတယ်။
ကျွန်တော်တို့ မြန်မာ ၉၇ ယောက် စလုံးအခု ဝပ်ရှော့ထဲမှာ သတင်းစာ စက္ကူလေးခင်းပြီး
ဖြစ်သလိုနေ ရှိတာလေးနဲ့ ဖြစ်သလိုစားပြီး ကူညီမယ့် သူကိုစောင့်နေပါတယ် "
ဟု မြန်မာ တစ်ဦးဖြစ်သူ ကိုတင်ဦးမှ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာသို့
ပြောကြားခဲ့သည်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကွာလာလမ်ပူမြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့သို့
အကူအညီ တောင်းခံလာရာ မြန်မာသံရုံး အလုပ်သမား အရာရှိများထံသို့ တိုက်ရိုက် ဆက်သွယ်ကာ
သတင်းပို့ခဲ့ပြီး သူတို့ အဖွဲ့မှလည်း လိုအပ်သော ကိစ္စများကို ကူညီဖို့အတွက် လုဆောင်နေကြောင်း
ဥက္ကဌ ကိုသက်မှ ပြောခဲ့သည်။

မလေးရှားနိုင်ငံရှိ ဆာဘား ၊ ဆာရာဝပ်ပြည်နယ်သည် မလေးရှားနိုင်ငံ၏ ခွဲထွက်ပြည်နယ်
တစ်ခုဖြစ်ပြီး ကွာလာလမ်ပူမြို့တော်နှင့် အလွန် ဝေးကွာနေကြောင့် သွားလာရန်ပင် မလွယ်ကူသော
နေရာတစ်ခုဖြစ်ကာ ၎င်းနေရာတွင် မြန်မာလူမျိုးများ အကြောင်းအမျိုးမျိုးကြောင့်
အသက်ဆုံးရှုံးမှု အများဆုံးနေရာလည်း ဖြစ်သည်။

ထိုကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်မှုများကို ဆာဘား ဆာရာဝပ် ပြည်နယ်သို့
ပို့ဆောင်ရန်အတွက် တရားဝင် တားမြစ်ထားတဲ့ တစ်နေရာ တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း
မလေးရှားနိုင်ငံသို့ လာရောက်အလုပ်လုပ်ရန် မသိသေးသော မြန်မာများအား အေးဂျင့်များမှ
တဆင့် လိမ်လည်ကာ ထိုနေရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကူညီမည့်သူများ အနေဖြင့် မိမိတို့ တတ်နိုင်တဲ့ ဖက်ကနေ
+60111 6067 664 ကိုဆက်သွယ်ပြီး အကူညီပေးနိုင်ပါသည်။

(သတင်းဓာတ်ပုံများကို ကျွန်တော်ဖုန်းထဲသို့ ပို့ပေးထားသောပုံများနှင့်
အွန်လိုင်း FB မှပေးပို့ထားသော ဓာတ်ပုံများ ဖြစ်သည်။)

နေဇော်လင်း




မလေးရှား နိုင်ငံ လက်ရှိ ဖြစ်ရပ် အတွက် ရှင်းလင်းချက်

မလေးရှား နိုင်ငံ SABAH, SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်ရှိ Shin Yang Shipyard SDN. BHD သဘောင်္ကျင်း စက်ရုံတွင် အလုပ်လုပ် ကိုင်နေသော မြန်မာ အလုပ်အမား ၂ ဦးသည် အင်ဒို နီးရှား ၂ ဦးနှင့် ရန်စကား များရာ ကနေ ပြသာနာ စတင် ဖြစ်ခဲ့ကြောင်း သိရှိရ သည်။

" ပြသာနာ စဖြစ် တာက ၂၃ ရက် တနင်္လာ နေ့မှာ ပါ။ အဲဒီနေ့က ကျွန်တော်တို့ အိုတီ ဆင်းနေ ပါတယ်။ တစ်ချို့ တစ်ဝက်က အခန်း မှာပါ။ အခန်းမှာ ကျန်တဲ့ မြန်မာ ၂ ယောက်က စားသောက်ဖို့ အတွက် ဆိုင်မှာ ပစ္စည်း တွေ သွားဝယ်တဲ့ အခါ အင်ဒို နီရှား လူမျိုး ၂ ယောက်နဲ့ ရန်စထိုး ကြိတ်ပြီး ပြသာနာ ဖြစ်ခဲ့ပါ တယ်။

သူတို့နဲ့ ပြသာနာ ဖြစ်ခဲ့ပြီး မြန်မာ တွေက အဆောင်ကို ပြန်လာတဲ့ အချိန်မှာ အင်ဒို ၃ ယောက်က ထပ်လိုက် လာပြီး အဆောင်ကို ခဲတွေနဲ့ ပေါက်တယ်။ ဒါနဲ့ ကျွန်တော်တို့ မြန်မာ ထဲက အစ်ကို တစ်ယောက်က ပြသာနာ မဖြစ်အောင် ပြောပေမယ့် သူတို့ လက်မခံဘူး ... ထပ်ပြီး စကားများ ကြတယ်။

အင်ဒို ၃ ယောက် ပြန်သွားတော့ နောက်ထပ် အင်ဒို နီရှား လူမျိုးတွေ အများကြီး ကျွန်တော်အထင် ၅၀၀ ကျော်မယ်ဗျာ
ကျွန်တော်တို့ နေတဲ့ဖက် မှာသူတို့ လူမျိုးတွေ များတယ်။ အုပ်စုလိုက် ရောက်ချလာ တယ်။ သူတို့ လက်ထဲ တုတ်တွေ
ဓားတွေ ၊ ခဲတွေ စတဲ့ လက်နက် အပြည်ပါပဲ ....

ကျွန်တော် တို့လည်း အဆောင်က ထွက်ပြေး ခဲ့ရတယ်။ အဆောင်က ကျွန်တော်တို့ ပစ္စည်းတွေ အားလုံး ရိုက်ခွဲပြီး
မီးရှုံ့ခံရတယ်။ ကျွန်တော်တို့ နေတဲ့ နေရာ အနားက တောထဲ ဝင်ပြေးပြီး ပုန်းနေ ရတယ်။ အခု သူတို့ အင်ဒို နီးရှား လူမျိုးတွေ
ကျွန်တော်တို့ နေတဲ့ အဆောင်ရှေ့မှာ အုပ်စုလိုက် လက်နက်အပြည့်နဲ့ ထိုင်စောင့်ကြ တယ်။ ဘယ်သူမှ မထွက် ရဲဘူး
ထွက်တဲ့ လူကို သတ်ဖို့ သူတို့ စောင့်နေ ကြတယ်။

အခုလက်ရှိ ကျွန်တော်တို့ အဆောင်နဲ့ နည်းနည်း ဝေးတဲ့ ဝပ်ရှော့ ထဲမှာ တောင်းပန်ပြီး နေနေရ ပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့ အေးဂျင့် မလေး နိုင်ငံသားကို ကျွန်တော်တို့ မြန်မာ ပြည်ကို ပြန်မယ်။
ဆက်မ လုပ်နိုင်ဘူး ငါတို့ကို အင်ဒိုနီး ရှားတွေက လိုက်သတ် နေတယ်လို့ ပြောပြတော့ ပြောတဲ့ မြန်မာ တွေကို
ထိုးလား ကြိတ်လား လုပ်သေး တယ်။

ဒါနဲ့ မြန်မာ ပြည်က အေးဂျင့်ကို ဖုန်းဆက်ပြီး ပြောတော့ သူဘာမှ တာဝန်မ ယူနိုင်ဘူးလို့ လက်လွတ် စပယ် ပြောလိုက် တယ်။
အခု လက်ရှိ ဒီမှာ ပိတ်မိနေတယ်။ အခု မလေးရှားက ပရဟိတ အဖွဲ့တွေနဲ့ မြန်မာ သံရုံးက အလုပ်သ မားရေး အရာရှိ တွေကို
ဖုန်းဆက်ပြီး ပြောပြ ထားတယ်။ ကူညီပေး မယ်လို့တော့ ပြောတယ်။

လက်ရှိ ကျွန်တော် တို့ဆီက လူတွေ တစ်ယောက်မှ အပြင်ထွက်လို့ မရဘူး ။ ကျွန်တော်တို့ ဆီကိုလည်း ဘယ်သူမှ ဝင်လာပြီး
ကူညီလို့ မရဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ မြန်မာ ၉၇ ယောက် စလုံးအခု ဝပ်ရှော့ထဲမှာ သတင်းစာ စက္ကူလေး ခင်းပြီး
ဖြစ်သလိုနေ ရှိတာ လေးနဲ့ ဖြစ်သ လိုစားပြီး ကူညီမယ့် သူကို စောင့်နေပါတယ် " ဟု မြန်မာ တစ်ဦးဖြစ်သူ
ကိုတင်ဦးမှ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာသို့ ပြောကြားခဲ့သည်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကွာလာလမ်ပူ မြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့သို့ အကူအညီ တောင်းခံလာရာ
မြန်မာသံရုံး အလုပ်သမား အရာရှိ များထံသို့ တိုက်ရိုက် ဆက်သွယ်ကာ သတင်း ပို့ခဲ့ပြီး သူတို့ အဖွဲ့မှလည်း
လိုအပ်သော ကိစ္စများကို ကူညီဖို့ အတွက် လုဆောင်နေကြောင်း ဥက္ကဌ ကိုသက်မှ ပြောခဲ့သည်။

မလေးရှား နိုင်ငံရှိ ဆာဘား ၊ ဆာရာဝပ် ပြည်နယ်သည် မလေးရှား နိုင်ငံ၏ ခွဲထွက် ပြည်နယ် တစ်ခု ဖြစ်ပြီး ကွာလာလမ်ပူ မြို့တော်နှင့် အလွန် ဝေးကွာနေကြောင့် သွားလာ ရန်ပင် မလွယ် ကူသော နေရာ တစ်ခု ဖြစ်ကာ ၎င်းနေ ရာတွင် မြန်မာ လူမျိုးများ
အကြောင်း အမျိုးမျိုး ကြောင့် အသက်ဆုံး ရှုံးမှု အများဆုံး နေရာလည်း ဖြစ်သည်။

ထိုကြောင့် မလေးရှား နိုင်ငံသို့ အလုပ်သမား ပို့ဆောင်မှု များကို ဆာဘား ဆာရာဝပ် ပြည်နယ်သို့ ပို့ဆောင် ရန်အတွက် တရားဝင် တားမြစ် ထားတဲ့ တစ်နေရာ တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း မလေးရှား နိုင်ငံသို့ လာရောက်အ လုပ်လုပ်ရန် မသိ သေးသော မြန်မာ များအား အေးဂျင့် များမှ တဆင့် လိမ်လည်ကာ ထိုနေ ရာသို့ ပို့ဆောင် ခဲ့ကြောင်း သိရှိရ သည်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကူညီမည့် သူများ အနေဖြင့် မိမိတို့ တတ်နိုင်တဲ့ ဖက်ကနေ +60111 6067 664 ကိုဆက်သွယ်ပြီး
အကူညီပေး နိုင်ပါသည်။

ဖုန်းပိုင်ရှင် နမ်မည် - သိန်းစံပါ
မြန်မာပြည် အေးဂျင့် - ဦး စိန်တင်
အာဘာဖီး ကုမ္ပဏီလို့ သိရပါတယ်

Free Online Radio Media (Malaysia)



မလေးရှားကိစ္စ
***********
Hmuu Zaw

၁။ မလေးရှားရှိမြန်မာအလုပ်သမား အရာရှိမှ အာဘာဖီကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေပါသည်။
၂။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးကိုယ်တိုင် ဦးစီး၍ မလေးနှင့် ဘရူနိုင်းရှိ မြန်မာသံရုံးများ ၂ နိုင်ငံအစိုးရများနှင့် ဆက်သွယ်၍ အကာအကွယ်ပေး နိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။
၃။ စုစုပေါင်း ၉၇ ဦး ဟု သိရှိရပါသည်။
၎။ မလေး-ဘရူနိုင်း နယ်စပ် ဟု သိရှိရပါသည်။
၅။ ၂၃ ရက်နေ့မှာ စကားများ ရန်ဖြစ်တာက စသည် ဟု သိရပါသည်။ ယနေ့ စက်ရုံပိတ် ထားပါသည်။ အာဘာဖီမှာ စေလွှတ်သော အေးဂျင့် ဖြစ်ပါသည်။
... 
 
 
                                                        မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar