အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 10 december 2013

(၁၀)ကျောင်းသူမအေးမြတ်သူဦးခေါင်း ပေါက်ပြီး ကျောဘက်စုတ်ပြဲ

(၁၀)ကျောင်းသူမအေးမြတ်သူဦးခေါင်း ပေါက်ပြီး ကျောဘက်စုတ်ပြဲ


Nyein Chan myit

(၁၀)ကျောင်းသူမအေးမြတ်သူ

"" သူနေတာက နေပြည်တော် လယ်ဝေးမြို့နယ် ဂုံမင်းအိုင်ကျေးရွာမှာပါ။ရွာနဲ့(၇)မိုင်ခန့်ဝေးတဲ့ အေလာမြို့ အထက(၅)မှာ ရွာနဲ့အသွားအပြန် လိုင်းကားစီးပြီးကျောင်းတက်ပါတယ်။မိဘတွေ ဆင်းရဲလို့စက်ဘီးတစ်စီးတောင်မှဝယ်မပေးနိုင်ပါ။ ၉.၁၂.၂၀၁၃ တနင်္လာနေ့ ညနေကျောင်းဆင်း ချိန်မှာမွတ်ဆလင်ကုလားမောင်းတဲ့ ကားနံပါတ် ၈(ဃ)၇၅၅၀ ရွှေမြို့တော်လိုင်းကားကို ရွာမှတ်တိုင်ပါကြောင်းသေခြာပြောပြပြီးစီးခဲ့ ပါတယ်။စပယ်ယာမပါ။သူနဲ့တခြားခရီးသည် တစ်ယောက်နဲ့နှစ်ယောက်တည်း။ ရွာမှတ်တိုင်မရောက်ခင်အတူစီး အဖော်ခရီးသည် ဆင်းသွားလို့တယောက်တည်းကျန်တော့တဲ့ အချိန်မှာ မှတ်တိုင်ရောက်လို့အော်ပြောတော့လည်း ကားရပ်မပေးတော့ပါ။ငါးကြိမ်လောက်အထိ အော်ပြီးလှမ်းပြောတော့လည်း ဒရိုင်ဗာ မွတ်စလမ်က ရပ်မပေးပဲအမြန်ဆက်ပြီးမောင်းသွားနေပါတယ်။ ကြောက်လန့်လာတဲ့ကျောင်းသူက ကားနောက်ပိုင်း ကိုထွက်ရပ်ရင်းသတိလွတ်ပြုတ်ကျပြီးဦးခေါင်း ဘယ်ဖက်ခြမ်း ၃ လက်မလောက်ပေါက်သွားပြီး ကျောဘက် တစ်ကိုယ်လုံးစုတ်ပြဲကုန်ပါတယ်။ မောင်းပြေးတဲ့ကားနောက်ကိုတော့ မြင်တွေ့လိုက်တဲ့ ရွာသားတွေအမြန်ပြန်လိုက်ဖမ်းလို့မြို့ရှောင်လမ်းစုံ မှာမိပါတယ်။(ယာခင်းအကွက်ထည်းအလုပ်ဆင်း နေကြတဲ့ဂုံမင်းအိုင်ရွာသားတွေပါပဲ) အခုတော့ မအေးမြတ်သူလည်းပျဉ်းမနားပြည်သူ့ ဆေးရုံကြီးမှာ ရောက်နေပါတယ်။ညကအထိတော့ စိုးရိမ်စရာမရှိသေးပါဘူး။ ကျွန်တော်ကိုယ်တိုင်မေးကြည့်လို့ ဘယ်လိုဖြစ်တယ် ဆိုတာကို ကျောင်းသူမအေးမြတ်သူကိုယ်တိုင် သေသေခြာခြာပြောပြနိုင်ပါသေးတယ်။ အမှုဖြစ်စဉ်အနေနဲ့တော့ ထုံးစံအတိုင်းပဲဖြစ်သွား မယ်ထင်ပါတယ်။အခုထိ ဒရိုင်ဘာကအဖမ်းမခံရ ပါဘူး။ဆေးရုံမှာ လူမှုရေးကူညီမှုလေးခပ်ပါးပါးနဲ့ အငြိမ်ဇယားတွေ့ခဲ့ရပါတယ်။ မှုခင်းယာဉ်ထိန်းရဲကလည်း ဒရိုင်ဘာကိုပဲ မေးစစ်ပြီး မအေးမြတ်သူကပဲခုန်ချသလိုလို သူ့အလိုလိုပြုတ်ကျသွားသလိုလုပ်ထားပါတယ်။ (နောက်ဆက်တွဲအခြေနေ စုံးစမ်းသိရှိသလောက် ထပ်တင်ပေးပါအုံးမယ်။) 

မှတ်ချက်   ခုချိန်သည် မွတ်စလမ်များအတွက် လက်လုပ်လက်ပြော ခြေလုပ်ခြေပြော အပြစ်ရှာ ချင်နေသည့်အစွန်းရောက်တစ်ယူသန် များရန်ကလွတ်အောင် အနေအထိုင်ဆင်ခြင်သင့်ပါကြောင်း ကျွန်မ ဂရုဏာဒေါသောနှင့်ပြောပြခြင်းဖြစ်ပါသည်၊ရိုင်းတာပါခဲ့ရင် ခွင့်လွတ်ပေးစေချင်ပါသည်

                                                                      မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar