မြန်မာပြည် ဒီမိုကရေစီဟာ အာဏာရှင် ဦးသန်းရွှေအပ်နှင်းခဲ့တဲ့ ဒီမိုကရေစီဆိုတာ မြန်မာပြည်သူ ပြည်သားတိုင်းငြင်းဆန်လို့မရတဲ့အမှန်တရားတစ်ခုပါ
အဲဒါပေမယ့်ကျွန်မပြောချင်တဲ့ အကြောင်းအရာက ဦးသန်းရွှေကြီးပေးခဲ့တဲ့ ဒီမိုးက ရေစီးဟာ
အစီးသန်လွန်းပြီး တရုတ်ကက်ဆက်နဲ့တူနေကြောင်းပြောချင်တာပါ၊
နောင်တော်တို့ မြန်မာပြည်တင်သွင်းတဲ့တရုတ်ကက်ဆက်ကို လူတိုင်းနီးပါးသုံးဖူးကြလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်၊မသုံးဖူးတဲ့သူများဆိုရင်တော့ သုံးကြည့်လိုက်ပေါ့နော၊
တရုတ်ကက်ဆက်ဆိုရင် အရမ်းလှတယ် ပုံစံ မျိုးစုံ ဆိုဒ်မျိုးစုံနဲ့ ဒါပေမယ့် မခံဘူးပေါ့နော် ၊မခံတာမှ ဘယ်လောက်ထိအောင်မခံသလည်းဆိုရင် ရန်ကုန်က သင်္ဘောနဲ့ကော့သောင်းပို့လိုက်တာ အလုံးပေါင်း တစ်ရာကျော်မှာ သူ့အလိုလိုပါဝါဖွင့်မရတာ ခွေထည့်မရတာ ကျိုးပဲ့တာနဲ့ အဲလောက်ထိကိုမခံတာပါ
တရုတ်ကက်ဆက်ဆိုရင် ဟဲဗီးဝယ် ပြီးဧည့်ခန်း ထဲမှာ အလှထားဖို့ကတော့ တော်တော်ကောင်းတယ်
ကော့သောင်းစကားနဲ့ပြောရရင် ဖော်ဒီးပေါ့ ဟုတ်မဟုတ်တော့မသိဘူးဘူး ကျွန်မလည်းတတ်သလောက် ပြောရတာနော် ရှမ်းစကားကိုပြောတာပါ၊
အဲဒီကက်ဆက်ကို မဖွင့်နဲ့ ကလေးတွေကိုလည်းမှာထားရတယ် မဖွင့်နဲ့ လုံးဝကိုမဖွင့်ဖို့ မှာထားရပါတယ်
ဖွင့်လိုက်ရင် ပျက်မှာလေ တစ်ခါတစ်လေဆိုမဖွင်ဘဲနဲ့တောင်ပျက်သေးတာဘဲ့ မြန်မာပြည်ဒီမိုကရေစီ လည်းတရုတ်ပါတနာဖြစ်တဲ့ဦးသန်းရွှေကပေးခဲ့တာ ဆိုတော့ မြန်မာပြည်ဒီမိုကရေစီရတာ ဘယ်မှာလည်း လူ့အခွင့်အရေး နေရာတိုင်းဒီမိုကရေစီဆိုတဲ့ကက်ဆက်ကိုဖွင့်ကြည့်လိုက်ရင် အသံကတော့အကျယ်ကြီးဘဲ့ ဒါပေမယ့်ပေါ့ ညောင်နာနာအသံကြီးနဲ့ အသုံးလည်းမပြုရဲ ဒီအတိုင်းထားထားပြန်ရင်လည်း ပျက်သွားမှာစိုး ရ ဖွင့်ကြည့်ပြန်ရင်လည်း ပုဒ်မ 188း144း155း262း491း595း969း598 ပုဒ်မတွေက စုံနေတာဘဲ့နော် ကျွန်မ ပြောတဲ့ပုဒ်မတွေမကြားဖူးဘူးထင်တယ် စာဖတ်သူ တွေဝေသွားသလိုဘဲ့ အဲဒီတရုတ်ကက်ဆက်ကို လွင်ပစ်မလား သူများကိုပြန်ရောင်းမလား ခုချိန်ဆို ထိုင်းကိုတောင်ရောင်းစားလို့ရတယ်နော် အလကားပြော တာနော်သွားမရောင်းနဲ့ ဟိုမှာကရှယ်ဒီမိုကရေစီရှိပြီးသား အကောင်းဆုံးကတော့ အဲဒီကက်ဆက်ကို အပြင်ကာဘာဒီအတိုင်းထား အထဲကလီစာတွေ ကို ဂျပန်စက်နှင့်အစားထိုးသုံးစွဲလိုက်ရင် ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီဆိုတာ ပေါ်ပေါက်လာမှာမလွဲမသွေ ပါဘဲ့ ကက်ဆက်ကိုအပြင်ကာဘာဒီအတိုင်းထားခိုင်းတာ ကက်ဆက်အသစ်မ၀ယ်နိုင်လို့မဟုတ်ဘူးနော် မလိုလားအပ်ဘဲ ပြည်သူတွေ အသက်အိုးအိမ်စည်းစည်ပုံပေးနေရမှာစိုးလို့ပါ ၊အားလုံးအားလုံး
သေချာတွေးတောဆင်ခြင်နိုင်ကြပါစေ။။။။။။။။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar