အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 27 december 2013

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကပုပ္ပားတောင် မြေယာတွေကိုလျော်ကြေးမပေးဘဲ အဓမ္မသိမ်းယူခဲ့

May Popa

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန က ပုပ္ပားတောင်က တောင်သူတွေ ရဲ့ အကောင်းဆုံး မြေယာတွေကို ပြီးခဲ့တဲ့ ၁၀နှစ်ကျော်က မြေယာလျော်ကြေးမပေးဘဲ အဓမ္မသိမ်းယူခဲ့ပါတယ်။ ဒီ လို သိမ်းယူ၊ ပုပ္ပားတောင်ရဲ့ မီးတောင် ချော်မှုန့်တွေကို တူးယူ သဘာဝ ပိုဇိုလန်ထုတ်ယူကာ ရေအားလျှပ်စစ် ထုတ်ဖို့ ဆည်တွေ တည်ဆောက်ရာမှာ အသုံးပြုခဲ့ပါတယ်၊ ဒီက ထုတ်တဲ့ လျှပ်စစ်တွေကို လည်း နိုင်ငံခြားကို ရောင်းစားနေတာပါ။ ဒီ လို ခံခဲ့ရတဲ့ တောင်သူတွေ မှာ တော့ ဘာအခွင့်အရေးမှ မရခဲ့ပါဘူး၊ ပုပ္ပားတောင်ချစ်သူများအသင်း ဟာ တောင်သူတွေ ရဲ့ နစ်နာ ဆုံးရှုံးမှုတွေ ကို စစ်တမ်းတွေကို ယူ၊ တောင်သူတွေကို စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ ကို ပေးနေပါတယ်။ ဒီလို ဆောင်ရွက်နေရာမှာ ပိုဇိုလန် စက်ရုံတာဝန်ခံ ဗိုလ်ကြီးဟောင်း ဆိုသူက က ရွာသားတွေ ကို နည်းမျိုးစုံ နဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ပုပ္ပားတောင်ချစ်သူများအသင်း က ကျမထံ သတင်းပေးပို့လာပါတယ်။ မြေတွေ သိမ်းယူခံရ၊ အမှုန့်တွေ ရှု နေရ လို့ လူမှုစီးပွါးမျိုးစုံထိခိုက်နေ တဲ့ တောင်သူလယ်သမားတွေက ပုပ္ပားတောင်ချစ်သူများအသင်း ရဲ့ သင်တန်းတွေ ကို တက်ရင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးသွယ်တန်းဖို့ ကြိုးစားနေတာကို မလုပ်ပေးနိုင်ပါဘူးလို့ ခြိမ်းခြောက်လို့ ကျောက်တံခါး ရွာမှာ တောင်သူတွေဟာ သင်တန်း စကာစမှာပဲ နှုတ် ထွက်သွားကြပါတယ်။ ဒီနှစ်ထဲမှာ ပုပ္ပားတောင်ချစ်သူများအသင်းက စစ်တမ်းကောက်ယူရာမှာ ကူညီပေးရင် ကံစပ်ကုန်းရွာက ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထလျှပ်စစ်မီးသွယ်တန်းခြင်းကို လုပ်မပေးနိုင်ဘူးလို့ စက်ရုံတာဝန်ခံက ပြောခဲ့လို့ ရွာသားတွေက မေးမြန်းတာတွေကို ဖြေကြားမပေးခဲ့ပါဘူး။ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်နေဆဲပါ ပဲ။ နစ်နာ နေတဲ့ ပြည်သူတွေကို အစိုးရက အခမဲ့ လျှပ်စစ်သွယ်တန်းပေးရမဲ့ အစား ကိုယ်ထူကိုယ်ထ လုပ်ရရုံမက ခြိမ်းခြောက်ဖိအားပေးမှုတွေကို ပါပြုလုပ်နေတဲ့ ဝန်ထမ်းတွေဟာ ပြည်သူ့တွေရဲ့ ဝန်ထမ်းကောင်းတွေ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီစက်ရုံ တာဝန်ခံဟာ ပိုဇိုလန်မှုန့်တွေကို ကိုယ်ပိုင်အုတ်ရိုက်လုပ်ငန်း အတွက် အလွဲသုံးစားပြုလုပ်နေရုံသာမက အခြားအဂတိလိုက်စားမှုတွေကို ပြုလုပ်ပြီး ကြီးပွါးချမ်းသာနေပါတယ်။ အဆိုးဆုံးက တော့ စက်ရုံအနီးအနားမှာ ရှိတဲ့ ကျောက်ပန်းတောင်းမြင်းခြံကားလမ်းနံဘေးက တောင်ကုန်းတစ်ခုလုံးကို အာဏာပိုင်တို့နဲ့ပေါင်း ကာ သိမ်းယူ၊ သဘာဝ ပေါက်နေတဲ့ သစ်တောတွေကို ခုတ် ကာ ကိုယ်ပိုင် စိန်တစ်လုံးသရက်စိုက်ခင်း တွေကို စိုက်ပျိုးခဲ့ခြင်းပါပဲ။ နစ်နာ ဆုံးရှုံးနေတဲ့ ပြည်သူတွေကို အစိုးရ က ကာကွယ်စောင့်ရှောက်ဖို့ ကို ပျက်ကွက်နေလို့ အသိပညာပေးကာ စွမ်းရည်မြှင့် သင်တန်းတွေ ပြုလုပ်ပေးနေတဲ့ ပုပ္ပားတောင်ချစ်သူများကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ အဂတိလိုက်စားပြီး ပြည်သူတွေကို ဖိအားပေး နှိပ်စက်ကလူပြုနေတဲ့ ဝန်ထမ်းဆိုးတွေကို အရေးယူပေးပါရန် ပြောကြားလိုပါတယ်။ ပြည်သူတွေလည်း ကြောက်ရွံ့ခြင်းတွေမှ ကင်းဝေးပြီး မိမိတို့ နစ်နာဆုံးရှုံးမှုတွေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီ သတင်းနဲ့ ဓာတ်ပုံတွေ ပေးပို့ပေးတဲ့ ပုပ္ပားတောင်ချစ်သူများအသင်း ကို ကျေးဇူးတင်ကြောင်းနဲ့ ဒီ အကြောင်းအရာ လေးကို ထပ်ဆင့်ရှယ်ကာ မျှဝေပေးပါလို့ ပြောချင်ပါတယ်။ မေပုပ္ပား ၂၀၁၃ ဒီဇင်ဘာ ၂၈ ရက်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန က ပုပ္ပားတောင်က တောင်သူတွေ ရဲ့ အကောင်းဆုံး မြေယာတွေကို ပြီးခဲ့တဲ့ ၁၀နှစ်ကျော်က မြေယာလျော်ကြေးမပေးဘဲ အဓမ္မသိမ်းယူခဲ့ပါတယ်။ ဒီ လို သိမ်းယူ၊ ပုပ္ပားတောင်ရဲ့ မီးတောင် ချော်မှုန့်တွေကို တူးယူ သဘာဝ ပိုဇိုလန်ထုတ်ယူကာ ရေအားလျှပ်စစ် ထုတ်ဖို့ ဆည်တွေ တည်ဆောက်ရာမှာ အသုံးပြုခဲ့ပါတယ်၊ ဒီက ထုတ်တဲ့ လျှပ်စစ်တွေကို လည်း နိုင်ငံခြားကို ရောင်းစားနေတာပါ။ ဒီ လို ခံခဲ့ရတဲ့ တောင်သူတွေ မှာ တော့ ဘာအခွင့်အရေးမှ မရခဲ့ပါဘူး၊ ပုပ္ပားတောင်ချစ်သူများအသင်း ဟာ တောင်သူတွေ ရဲ့ နစ်နာ ဆုံးရှုံးမှုတွေ ကို စစ်တမ်းတွေကို ယူ၊ တောင်သူတွေကို စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ ကို ပေးနေပါတယ်။ ဒီလို ဆောင်ရွက်နေရာမှာ ပိုဇိုလန် စက်ရုံတာဝန်ခံ ဗိုလ်ကြီးဟောင်း ဆိုသူက က ရွာသားတွေ ကို နည်းမျိုးစုံ နဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ပုပ္ပားတောင်ချစ်သူများအသင်း က ကျမထံ သတင်းပေးပို့လာပါတယ်။ မြေတွေ သိမ်းယူခံရ၊ အမှုန့်တွေ ရှု နေရ လို့ လူမှုစီးပွါးမျိုးစုံထိခိုက်နေ တဲ့ တောင်သူလယ်သမားတွေက ပုပ္ပားတောင်ချစ်သူများအသင်း ရဲ့ သင်တန်းတွေ ကို တက်ရင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးသွယ်တန်းဖို့ ကြိုးစားနေတာကို မလုပ်ပေးနိုင်ပါဘူးလို့ ခြိမ်းခြောက်လို့ ကျောက်တံခါး ရွာမှာ တောင်သူတွေဟာ သင်တန်း စကာစမှာပဲ နှုတ် ထွက်သွားကြပါတယ်။ ဒီနှစ်ထဲမှာ ပုပ္ပားတောင်ချစ်သူများအသင်းက စစ်တမ်းကောက်ယူရာမှာ ကူညီပေးရင် ကံစပ်ကုန်းရွာက ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထလျှပ်စစ်မီးသွယ်တန်းခြင်းကို လုပ်မပေးနိုင်ဘူးလို့ စက်ရုံတာဝန်ခံက ပြောခဲ့လို့ ရွာသားတွေက မေးမြန်းတာတွေကို ဖြေကြားမပေးခဲ့ပါဘူး။ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်နေဆဲပါ ပဲ။ နစ်နာ နေတဲ့ ပြည်သူတွေကို အစိုးရက အခမဲ့ လျှပ်စစ်သွယ်တန်းပေးရမဲ့ အစား ကိုယ်ထူကိုယ်ထ လုပ်ရရုံမက ခြိမ်းခြောက်ဖိအားပေးမှုတွေကို ပါပြုလုပ်နေတဲ့ ဝန်ထမ်းတွေဟာ ပြည်သူ့တွေရဲ့ ဝန်ထမ်းကောင်းတွေ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီစက်ရုံ တာဝန်ခံဟာ ပိုဇိုလန်မှုန့်တွေကို ကိုယ်ပိုင်အုတ်ရိုက်လုပ်ငန်း အတွက် အလွဲသုံးစားပြုလုပ်နေရုံသာမက အခြားအဂတိလိုက်စားမှုတွေကို ပြုလုပ်ပြီး ကြီးပွါးချမ်းသာနေပါတယ်။ အဆိုးဆုံးက တော့ စက်ရုံအနီးအနားမှာ ရှိတဲ့ ကျောက်ပန်းတောင်းမြင်းခြံကားလမ်းနံဘေးက တောင်ကုန်းတစ်ခုလုံးကို အာဏာပိုင်တို့နဲ့ပေါင်း ကာ သိမ်းယူ၊ သဘာဝ ပေါက်နေတဲ့ သစ်တောတွေကို ခုတ် ကာ ကိုယ်ပိုင် စိန်တစ်လုံးသရက်စိုက်ခင်း တွေကို စိုက်ပျိုးခဲ့ခြင်းပါပဲ။ နစ်နာ ဆုံးရှုံးနေတဲ့ ပြည်သူတွေကို အစိုးရ က ကာကွယ်စောင့်ရှောက်ဖို့ ကို ပျက်ကွက်နေလို့ အသိပညာပေးကာ စွမ်းရည်မြှင့် သင်တန်းတွေ ပြုလုပ်ပေးနေတဲ့ ပုပ္ပားတောင်ချစ်သူများကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ အဂတိလိုက်စားပြီး ပြည်သူတွေကို ဖိအားပေး နှိပ်စက်ကလူပြုနေတဲ့ ဝန်ထမ်းဆိုးတွေကို အရေးယူပေးပါရန် ပြောကြားလိုပါတယ်။ ပြည်သူတွေလည်း ကြောက်ရွံ့ခြင်းတွေမှ ကင်းဝေးပြီး မိမိတို့ နစ်နာဆုံးရှုံးမှုတွေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
 ဒီ သတင်းနဲ့ ဓာတ်ပုံတွေ ပေးပို့ပေးတဲ့ ပုပ္ပားတောင်ချစ်သူများအသင်း ကို ကျေးဇူးတင်ကြောင်းနဲ့ ဒီ အကြောင်းအရာ လေးကို ထပ်ဆင့်ရှယ်ကာ မျှဝေပေးပါလို့ ပြောချင်ပါတယ်။

 မေပုပ္ပား ၂၀၁၃ ဒီဇင်ဘာ ၂၈ ရက်

Inga kommentarer:

Skicka en kommentar