အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 27 december 2013

မလေးရှားမီရီမြို့မှာ ဒုက္ခရောက်နေတဲ့ မြန်မာများ အကူုမရရှိသေး

မလေးရှားမီရီမြို့မှာ ဒုက္ခရောက်နေတဲ့ မြန်မာများ အကူုမရရှိသေး


RFA Burmese


မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမား ၉၇ ယောက်ကို ကူညီဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က မလေးရှားအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

နေပြည်တော် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှာကျင်းပတဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီး RFA က မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အခုလိုပြောတာပါ။

"ဆာရာဝပ်ပြည်နယ်ဆိုတာ ဒီမလေးရှားကျွန်းမကြီးမှာ မဟုတ်ဘူး၊ ဘရူနိုင်းနဲ့ကပ်တဲ့ နယ်စပ်မှာဖြစ်တယ်၊ ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပထမက မလေးရှား ကွာလာလမ်ပူမှာ ဒီအလုပ်သမားကောင်စစ်ဝန် တစ်ယောက်ရှိတယ်၊ ပြီးတော့ရှိရင် ဒီအလုပ်သမားတွေအတွက် ပတ်စ်ပို့ကိစ္စတွေလုပ်ဖို့အတွက် နိုင်ငံခြားရေးရုံးကလူ ၁ဝ ယောက်ကျော် ရောက်နေတာရှိတယ်၊ အဲဒီအဖွဲ့တွေကလည်း မလေးရှားအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်၊ နောက်အနီးဆုံးမှာရှိနေတဲ့ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီးကလည်း အဲဒီဒေသကိုသွားဖို့အတွက် မနေ့ကစပြီး ဆက်သွယ်ဆောင်ရွက်နေတယ်၊ ကျနော်ထင်တယ်၊ ဒီနေ့လောက်ဆိုရင်တော့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရပြီးတော့မှ လိုအပ်တဲ့အကူအညီတွေ ပေးနိုင်မယ်လို့ထင်တယ်"

ဒါပေမဲ့ ဒီညနေ ၇ နာရီအထိတော့ ဘာအကူအညီမှ မလာသေးဘူးလို့ မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။
 
 
                                                                     
                                                         မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar