အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 11 december 2013

ဂျပန် မြှုပ်နှံထားခဲ့သည့် ရွှေ သုံးတန်ကို တွေ့ရှိပြီ

Photo: ဂျပန် မြှုပ်နှံထားခဲ့သည့် ရွှေ သုံးတန်ကို တွေ့ရှိပြီ

ဇူလိုင်လ ၂၄ ရက် ၂၀၁၃

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံ ထားခဲ့သည့် ရွှေသုံး တန်ကို ပြည်ထောင်စုအစိုးရ အဖွဲ့က စတင်ရှာဖွေခဲ့ရာတွေ့ရှိပြီဟု ရှာဖွေရေး အဖွဲ့ထဲတွင် ပါဝင်သည့် ဘူမိဗေဒပညာရှင် ပါမောက္ခ ဟောင်း ဦးစိုးသိန်းက ပြောသည်။
''ပြည်ထောင်စုအစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး တော့ ဆောင်ရွက်နေတာ''ဟု ၄င်းက ဆိုသည်။

ကော်မတီထဲတွင်ပါဝင်သော အဖွဲ့ဝင် အမည်များကို ၄င်းက ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်အတွင်း၌ ရှာဖွေနေသည်ဟု ၄င်းက ဆက်ပြောသည်။

''ကျွန်တော်တို့ တွေ့ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တူးဖော်မှု မှာတော့ နည်းနည်း အခက်အခဲလေးတွေ ရှိနေသေးတယ်''ဟု ပြော သည်။

ဂျပန်တို့အနေဖြင့် ဒုတိယကမ္ဘာစစ်ကာလ အတွင်းက မြန်မာနိုင်ငံမှ တိမ်းရှောင်ထွက်ခွာစဉ် မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များ၏ပြောကြား ချက်အရ သိရသည်။

အစိုးရသစ်ကာလအတွင်း ဒုတိယကမ္ဘာစစ် အတွင်းက မြှုပ်နှံထား ခဲ့သော ကမ္ဘာစစ်လက်ကျန် ပစ္စည်းများကို ရှာဖွေနေမှုမှာ ဗြိတိသျှ စဖစ်ဖိုင်း ယားပြီးလျှင် ယခု ဂျပန်ရွှေသုံးတန်မှာ ဒုတိယ မြောက်ဖြစ်ကြောင်း သိရသည်။

စဖစ်ဖိုင်းယားရှာဖွေမှုကို တွေ့ရှိနေပြီ ဖြစ် ကြောင်း၊ စတင် တူးဖော်တော့မည်ဖြစ်ကြောင်း မီဒီယာများထံသို့ ပြောကြားခဲ့ကြသော်လည်း ယခုအချိန်အထိ ရှာဖွေနေဆဲဟုသာ ပြန်လည် ဖြေကြားနေကြသည်။

ယခုတစ်ခေါက်ဂျပန်ခေတ်ကမြှုပ်နှံခဲ့သော ရွှေသုံးတန်ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဦးဆောင်ရှာဖွေ နေသည် ဟုသာပြောကြားပြီး အကျိုးအမြတ် ခွဲဝေမှုကိုမူ မပြောကြားသေးပေ။

မင်းသုအောင်

Popular Myanmar News Journal

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံ ထားခဲ့သည့် ရွှေသုံး တန်ကို ပြည်ထောင်စုအစိုးရ အဖွဲ့က စတင်ရှာဖွေခဲ့ရာတွေ့ရှိပြီဟု ရှာဖွေရေး အဖွဲ့ထဲတွင် ပါဝင်သည့် ဘူမိဗေဒပညာရှင် ပါမောက္ခ ဟောင်း ဦးစိုးသိန်းက ပြောသည်။ ''ပြည်ထောင်စုအစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး တော့ ဆောင်ရွက်နေတာ''ဟု ၄င်းက ဆိုသည်။ 

ကော်မတီထဲတွင်ပါဝင်သော အဖွဲ့ဝင် အမည်များကို ၄င်းက ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်အတွင်း၌ ရှာဖွေနေသည်ဟု ၄င်းက ဆက်ပြောသည်။

''ကျွန်တော်တို့ တွေ့ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တူးဖော်မှု မှာတော့ နည်းနည်း အခက်အခဲလေးတွေ ရှိနေသေးတယ်''ဟု ပြော သည်။

ဂျပန်တို့အနေဖြင့် ဒုတိယကမ္ဘာစစ်ကာလ အတွင်းက မြန်မာနိုင်ငံမှ တိမ်းရှောင်ထွက်ခွာစဉ် မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များ၏ပြောကြား ချက်အရ သိရသည်။

အစိုးရသစ်ကာလအတွင်း ဒုတိယကမ္ဘာစစ် အတွင်းက မြှုပ်နှံထား ခဲ့သော ကမ္ဘာစစ်လက်ကျန် ပစ္စည်းများကို ရှာဖွေနေမှုမှာ ဗြိတိသျှ စဖစ်ဖိုင်း ယားပြီးလျှင် ယခု ဂျပန်ရွှေသုံးတန်မှာ ဒုတိယ မြောက်ဖြစ်ကြောင်း သိရသည်။

စဖစ်ဖိုင်းယားရှာဖွေမှုကို တွေ့ရှိနေပြီ ဖြစ် ကြောင်း၊ စတင် တူးဖော်တော့မည်ဖြစ်ကြောင်း မီဒီယာများထံသို့ ပြောကြားခဲ့ကြသော်လည်း ယခုအချိန်အထိ ရှာဖွေနေဆဲဟုသာ ပြန်လည် ဖြေကြားနေကြသည်။

ယခုတစ်ခေါက်ဂျပန်ခေတ်ကမြှုပ်နှံခဲ့သော ရွှေသုံးတန်ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဦးဆောင်ရှာဖွေ နေသည် ဟုသာပြောကြားပြီး အကျိုးအမြတ် ခွဲဝေမှုကိုမူ မပြောကြားသေးပေ။

မင်းသုအောင်
Popular Myanmar News Journal

Inga kommentarer:

Skicka en kommentar