ပါတ်စပို့မရှိဘူးလားတဲ့..ပါတ်စပို့ဘယ်မှာလဲတဲ့.
မြူနှင်းရဲ့
မြူနှင်းရဲ့
ဒီနေ့ကိုယ်တွေ့လေးပြောပြမယ်ရှင် kl ကပြန်လာတော့လမ်းမှာ
ရဲတွေက
ကားကိုတားပြီးတက်စစ်ပါတယ်၊ကျွန်မတို့ အလုပ်သမားအားလုံးလိုလိုက စာအုပ်မူရင်းကို
မကိုင်ရပါဘူး၊
မိတ္တုဘဲကိုင်ရတာပါ ရဲကစာအုပ်မူရင်းမပြရင် အချုပ်ထဲပို့မယ်ပြောတယ် ပါမစ်အစစ်မှန်းကိုသိတော
ကျွန်မ တို့ဆီမှာမရှိတဲ့ စာအုပ်မူရင်းကို တောင်းပါတယ် မပေးနိုင်ရင် အချုပ်ထဲပို့မယ်တဲ့၊
အချုပ်ထဲမလိုက်ချင်ပိုက်ဆံပေးရမယ်တဲ့ရှင် ပါမစ်မှန်ရဲ့သားနဲ အစစ်ခံအရစ်ခံရတာတော့ရင်နာတယ်ရှင်
၊အမြဲတမ်းဘဲ သူတို့တွေအနိုင်ကျင့်တာတွေတွေ့နေတယ် ကျွန်မ တို့တွေအတွက် ဘယ်သူမှ
မကူညီကြပါဘူး ဘယ်သူမှမသနားကြပါဘူး
........
ကျွန်မ
တို့မြန်မာတွေဟာ သူများပစ္စည်းခိုးတာလဲမရှိသလို ဆိုးမိုက်နေတဲ့လူတွေလဲမဟုက်ပါဘူး
မိဘတွေကိုတက်နိုင်ဘက်လေးကနေ အလုပ်ကြွေးပြုနေတာပါ ရှင် ကျွန်မ တို့တွေအတွက်တော့
လူ့အခွင့်အရေးဆိုတဲ့အသံလေးတွေတော့ကြားမိချင်ပါတယ်ရှင်
အဲဒါဘယ်သူ့ကြောင့်လည်း မြန်မာပြည်မှာ ဆီးဂိမ်းကို မဟားဒယား မြန်မာတွေအနိုင်ယူချင်တဲ့အ
တွက်ကြောင့်ပါတဲ့ အားကစားလောကမှာ အနိုင်အရှုံးဆိုတာ လက်ခံနိုင်ရမယ် ကိုယ့်နိုင်ငံမှာ လုပ်
လို့ကိုယ်ဘဲ့နိုင်ရမယ်ဆို တဲ့စိတ်ဓါတ်ဟာ အင်မတန် အောက်တန်းကျပါတယ်ရှင် မြန်မာပြည်မှာ
အနိုင်ယူလိုက် တစ်ဘက်က သက်ဆိုင်ရာနိုင်ငံတွေမှာ အနိုင်ကျင့်လိုက် ဆိုတာက အရမ်းကြီးကိုဆိုးဝါး
လွန်းလှပါတယ် အားကစားဘဲ့ အနိုင်တော့ကစားပေါ့ အနိုင်မကျင့်နဲ့ပေါ့နော် ပိုလီယိုစွဲနေတဲ့ကလေးက
လူကြီးကိုပြန်ရိုက်သလိုတော့မလုပ်သင့်ဘူးပေါ့နော် ကိုယ့်နိုင်ငံကို လာတဲ့သူတွေက သိထားဖို့က
ဘိန်းစား
တစ်ကောင်မှမပါဘူး အားလုံးက ကိုယ့်ထက်သာတာကြီးဘဲ့ဆိုတာ သတိလေးကပ်ပြီး
လုပ်ကြစေချင်ပါတယ် အမှားပါရင်ခွင့်လွတ်ပေးကြပါ ခံရတာမသက်သာလို့ပါ
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar