အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 18 december 2013

အောင်သောင်းမှာ ကိုယ်ပိုင်စစ်တပ်ရှိတယ် နေပြည်တော်လာရင် အောင်သောင်း ဒီမှာ တည်းတာ

အောင်သောင်းမှာ ကိုယ်ပိုင်စစ်တပ်ရှိတယ် နေပြည်တော်လာရင် အောင်သောင်း ဒီမှာ တည်းတာ



Hawdeka Khalaylay

(နေပြည်တော်သတင်း)

ဦးအောင်သောင်းမှာကိုယ်ပိုင်စစ်တပ်ရှိကြောင်း နှင့် ဦးအောင်သောင်းနေပြည်တော်လာရင် သူ့ရဲ့ ကိုယ်ပိုင်စစ်တပ်က သူ့ကို လိုက်လံ အကာအကွယ်ပေးကြောင်း နေပြည်တော်သတင်းရပ်ဝန်းမှ ပေးပို့လာပါတယ် ၊

နေပြည်တော် ဟော်တယ်ဇုန်မှာ ဦးအောင်သောင်းကိုယ်ပိုင်ဟော်တယ်ကြီးတစ်လုံးရှိပါတယ် ၊ အင်မတန်မှ ခမ်းနားတဲ့ ဟော်တယ်ပါ ၊

ဂူဂယ်မပ်မှာ ဦးအောင်သောင်ဟော်တယ်ကို 19.69793,96.12741 ရိုက်ကြည့်ပြီးရှာနိုင်ပါတယ် ၊ အမရာ ဟော်တယ် ဖြစ်ပါတယ် ၊

ဦးအောင်သောင်းလားရင် အဲဒီဟော်တယ်မှာပဲတည်းပါတယ် ၊ ဦးအောင်သောင်းရဲ့ စစ်တပ်ကိုလည်း အဲဒီဟော်တယ်ရဲ့ အနောက်ဖက် တန်းလျားမှာထားပါတယ် ၊

ဦးအောင်သောင်းရဲ့ သက်တော်စောင့်တွေလည်း အများကြိး ခေါ်လာတတ်ပါတယ် ၊ ဦးအောင်သောင်းရဲ့ သက်တော်စောင့်တွေ အထဲမှာ မိန်းကလေး သက်တော်စောင့်တွေလည်း ပါပါတယ် ၊

ဦးအောင်သောင်းရဲ့ သက်တော်စောင့်မိန်းကလေးတွေဟာ ဦးသိန်းစိန်ရဲ့ သက်တော်စောင့်မိန်းကလေးတွေထက် အများကြီး သာ တယ်လို့ အဲဒီဟော်တယ်ရဲ့ မန်နေဂျာက မှတ်ချက်ချ ဘူးပါတယ် ၊

ဦးအောင်သောင်း နဲ့ အတူပါလာတဲ့ စစ်တပ်က လက်မောင်းတံဆိပ်တွေ ဟာ ပုံမှန် တံဆိပ်တွေ မဟုတ်ပဲ ထူးခြားနေတယ်လို့ အဲဒီစစ်သားတွေကို တွေ့ဖူးတဲ့ သူက ပြောပါတယ် ၊

ဦးအောင်သောင်း လာပြီးဆိုရင် အဲဒီဟော်တယ်ဘေးက လမ်းကို စစ်သားတွေက ပိတ်ထားတတ်ပါတယ် ၊

အဲလိုအချိန်ဆိုရင် အဲဒီနေရာကို ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ကားနဲ့ဖြစ်ဖြစ် သွားပြီး စစ်သားတွေရဲ့ လက်မောင်းတံဆိပ်တွေကို ကြည့်ကြည့်ရင် သိနိုင်ပါတယ် ၊

နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်း ဖြစ်သည် ၊





Inga kommentarer:

Skicka en kommentar