အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 13 december 2013

ငြိမ်ဆေးများ


    ငြိမ်ဆေးများ

ငြိမ်ဆေးများ

နာဂစ်ဥပဒေနဲ့ အမတ်ဖြစ်ချင်သူ
အမတ်ဖြစ်ခွင့်ပေးမည်။

လက်နက်စွန့်ပြီး ပါတီထောင်ချင်သူ

ပါတီထောင်ခွင့်ပြုမည်။

အတုအယောင်ငြိမ်းချမ်းရေးအတွက် ကားပါမစ်လိုချင်သူ

ကားပါမစ်ပေးမည်။

နိုင်ငံရေးစွန့်ပြီး ကုမ္ပဏီထောင်ချင်သူ

ကုမ္ပဏီထောင်ခွင့်ပြုမည်။

အန်ဂျီအိုထောင်ပြီး လုပ်စားချင်သူ

လုပ်စားခွင့်ပေးမည်။

ကမ္ဘာပတ်ပြီး ဆုယူချင်သူ

ဆုယူခွင့်ပြုမည်။

ကမ္ဘာပတ်ပြီး မိန့်ခွန်းခြွေချင်သူ

မိန့်ခွန်းခြွေခွင့်ပေးမည်။

ကမ္ဘာပတ်ပြီး ဖက်ရှင်အလှပြချင်သူ
ဖက်ရှင်အလှပြခွင့်ပြုမည်။

လေပုပ်လေဆိုးတွေ ထွက်တဲ့အထိ ပွင့်လင်းချင်သူ
ပွင့်လင်းခွင့်ပေးမည်။

မြန်မာပြည်မက ကမ္ဘာပတ်ပြီး စာပေဟောပြောချင်သူ
စာပေဟောပြောခွင့်ပြုမည်။

အထိမ်းအမှတ်တွေ၊ အခမ်းအနားတွေ ကျင်းပပြီး အလွမ်းသယ်ချင်သူ
အလွမ်းသယ်ခွင့်ပေးမည်။

ဘာပွဲတော် ညာပွဲတော်တွေ ကျင်းပပြီး အပျော်ကျူးချင်သူ
အပျော်ကျူးခွင့်ပြုမည်။

---------------
------------------------

ပြည်သူ့နစ်နာဆုံးရှုံးမှုအတွက် တောင်းဆိုပေးချင်သူ
ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုချင်သူ
ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ချင်သူ
ကြည်ညိုစရာမကောင်းတဲ့ အစိုးရကို အကြည်ညိုပျက်စေသူ
မတရားတဲ့ ဥပဒေပုဒ်မတွေ ဖျက်သိမ်းဖို့ တောင်းဆိုသူ
စစ်အုပ်စုရဲ့ မတော်မတရားအကျိုးစီးပွားပျားအုံကြီးကို တုတ်နဲ့ထိုးသူ
ရေမရောတဲ့ ဒီမိုကရေစီစစ်စစ်လိုချင်သူ
(လာထား ... လာထား ...)
အင်းစိန်တောရ ...
အိုးဘိုတောရ ...
... တောရပေါင်းစုံတွင် တရားအားထုတ်ခွင့်ပြုမည်။ ။

                                          မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar