အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 11 december 2013

ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို

ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို


မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်းဒေသကြီး အချို့၌ အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟုသံသယရှိခံရသူ နေတိုး(ခ)စောရွှေထူးမှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။

ကြေးနန်းရိုက် နေတိုး(ခ)စောရွှေထူးသည် မြန်မာနိုင်ငံကေအင်န်ယူ၏ ထိန်းချုပ်နယ် မြေအတွင်း၌ ရှိနေပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးမှုကို လာရောက်ခံယူရန်အတွက် ကြေးနန်းရိုက်ကာခေါ်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

" စုံစမ်းစစ်ဆေးရေးကော်မရှင်က နာမည်ထွက်နေတဲ့ နေတိုးရှိတဲ့နေရာကို သိထားပြီးပါပြီ။ သူက ကေအင်န်ယူနယ် မြေအတွင်းမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒါက မြန်မာနိုင်ငံထဲမှာပါပဲ။ ကော်မရှင်မှာလာရောက်ပြီးတော့
အစစ်ဆေးခံဖို့လည်း ကြေးနန်းရိုက်ခေါ်သွားမှာပါ " ဟု ၎င်းက ပြောသည်။
သို့သော် တရားခံဟု သံသယရှိသူအားမဖမ်းဆီးဘဲ လာရောက်စစ်ဆေး ရန်အတွက် မည်သည့်အတွက်ကြောင့် ကြေးနန်းဖြင့် ဖိတ်ခေါ်ရသည့် အကြောင်းရင်းကိုမူ ၎င်းကထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဗုံးပေါက်ကွဲမှုများကို စေခိုင်းသည်ဟု သံသယရှိခံရသူ နေတိုး(ခ)စောရွှေ ထူးသည် ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)၏ အောက်ခြေအဆင့်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် ကေအင်န်ယူ အနေဖြင့် အောက်တိုဘာ ၂၅ ရက်က ဗဟိုကော်မတီအစည်း အဝေးခေါ်ယူကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုဖွဲ့စည်းခဲ့ပြီး သံသယရှိသူကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စုံစမ်းမှုများကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မပူးပေါင်းဘဲ သီးသန့်စုံစမ်းကာ ဆောင်ရွက်ခဲ့ကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။

နေတိုး(ခ)စောရွှေထူးရှိနေသည့် နေရာနှင့် စစ်ဆေးသွားမည့်အကြောင်း အရာများမှရရှိလာမည့် အချက်အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း ရန်ကုန်မြို့နှင့် တိုင်းဒေသကြီး အချို့၌ ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး နိုင်ငံခြားသူတစ်ဦး အပါအ၀င် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန် ခဲ့သည်။
 
စံတော်ချိန်သတင်းစာ
10.12.2013
                                                                        မြူနှင်း(အေးရိပ်ငြိမ်)


Inga kommentarer:

Skicka en kommentar