ယခုတလော ခေတ်စားနေတဲ့ app လေးပါ။
ယခုတလော
ခေတ်စားနေတဲ့ app လေးပါ။ နာမည်လေးက MPT လို့ခေါ်ပါတယ်။ ဘာတွေ
အသုံးပြုနိုင်လဲဆိုတော့ .. တစ်မိနစ်(၄)ကျပ်ပေးပြီး အမျိုးမျိုးသော
စက်ဝိုင်းများ လည်ပတ်နေသည်ကို ခံစားနိုင်မှာဖြစ်ပါတယ်။
စက်ဝိုင်းဒီဇိုင်း အများကြီး ပါဝင်လို့ ကြိုက်နှစ်သက်ရာ စက်ဝိုင်းအား
home screen ပေါ်တွင် လည်ပတ်စေနိုင်ပါတယ်။ ဘယ်ဖုန်းအမျိုးစားမဆို အသုံးပြုနိုင်ပါတယ်။ အကျိုးကျေးဇူးအနေဖြင့် ..
စိတ်ရှည် သည်းခံနိုင်မှု အတိုင်းတာ မြင့်တက်လာပါမယ်။
ဒါမှမဟုတ် အမြင်ကပ် ကလော်တုတ်အတိုင်းတာ မြင့်တက်လာပါမယ်။
Pro version လေးဖြစ်လို့ ကွန်နက်ရှင် လုံးဝ မကောင်းတဲ့အချိန်တိုင်းမှာ
အသုံးပြုနိုင်ပါတယ်။ စိတ်ချပါ စက်ဝိုင်းလည်ကို လည်စေရပါမယ်။
လိုချင်သူများ ဆက်သွယ်ရေး ရုံးသို့ အခမဲ့ သွားတောင်းနိုင်ပါတယ်။
မှတ်ချက် - Play Store တွင် လုံးဝ မရှိပါ။ ရှိလျင်လဲ ယူလို့ရမည်မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် စက်ဝိုင်းလည်နေသောကြောင့်ဖြစ်သည်။
ကျွန်မလဲ မည်သို့မျှ upload လုပ်မရသောကြောင့် ယနေ့ခေတ်စားနေသော MPT App အကြောင်း အညွှန်းရေးသားရင်း .... အောက်လင့်မတွေ့ရင်လည်းဒီအတိုင်းကြည့်နေလိုက်ပါဗျား

အဘယ်ကြောင့်ဆိုသော် စက်ဝိုင်းလည်နေသောကြောင့်ဖြစ်သည
ကျွန်မလဲ မည်သို့မျှ upload လုပ်မရသောကြောင့် ယနေ့ခေတ်စားနေသော MPT App အကြောင်း အညွှန်းရေးသားရင်း .... အောက်လင့်မတွေ့ရင်လည်းဒီအတိုင်းကြည့်နေလိုက်ပါဗျား

Inga kommentarer:
Skicka en kommentar